ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်မှု ဂိတ်စောင့် ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရ

ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်မှု ဂိတ်စောင့် ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၃

ရန်ကုန်မြို့​၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ပဲခူးမြစ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး အပြင်းအ ထန် ဒဏ်ရာရရှိခဲ့ကြောင်း Mother Son Yangon Force မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ သြဂုတ်လ ၂၂ ရက် ည ၈ နာရီခန့်က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ပဲခူးမြစ်လမ်းနှင့် ကျွန်းရွှေဝါလမ်းထောင့်မှာရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ မြို့မရဲစခန်းကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဂိတ်စောင့်နေသော ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံးကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“ကား ၂ စီးနဲ့သွားပစ်တာ။ ပထမအကြိမ် တစ်လုံးပစ်တယ်။ မပေါက်ဘူး။ နောက်တစ်လုံးနဲ့ ထပ်ပစ်မှ ဂိတ်ဝတည့်တည့်ကို ကျတာ။ အဲဒီမှာ ရဲ ၂ ယောက်ဒဏ်ရာရတယ်။ နောက်ပြီးတော့ ဆေးရုံကားတွေ ရောက်လာပြီးတော့ ဒဏ်ရာရတဲ့ ရဲ ၂ ယောက်ကိုတင်သွားတယ်လို့ သတင်းရတယ်။ သေလား၊ ရှင် လားတော့ အတိအကျ မသိရဘူး။ အဲဒီမှာ ခရိုင်မှူးလားမသိဘူးရောက်နေတယ်သတင်းရလို့ တိုက် ခိုက်ခဲ့တာပါ” ဟု Mother Son Yangon Force မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်နိုင်က ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Mother Son Yangon Force မြို့ပြပြောက်ကျားအဖွဲ့ နှင့် ဒဂုံမြို့သစ် (ဆိပ် ကမ်း) မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တို့ ပူးပေါင်းကာ လုပ်​ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်အာဏာရှင်က လုပ်မယ့် မတရားရွေးကောက်ပွဲကို ကျနော်တို့ အနေနဲ့ လုံးဝ ဆန့်ကျင် တိုက်ခိုက် သွားမယ်။ မိဘပြည်သူတွေအနေနဲ့ စစ်အာဏာရှင် စခတွေနဲ့ ဝေးရာမှာနေထိုင်ပေးကြဖို့ တိုက်တွန်း ချင်တယ်၊ ကျနော်တို့ Mother Son Yangon Force မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့လည်း ပြည်သူ တွေကို ကာကွယ်ပြီးတော့ စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် ဆက်လက် တိုက်ခိုက်သွားပါ့မယ် လို့ ပြောချင်ပါတယ်” ဟု Mother Son Yangon Force မြို့ပြ UG အဖွဲ့တာဝန်ခံ ဗိုလ်နိုင်က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကော့ကရိတ်မြို့မှ ထွက်လာသည့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခံရပြီး စစ်သား ၄၀ ကျော်သေ ဆုံးကာ အကြိမ်ကြိမ် တပ်ပြန်လန်ကျနေ

ကော့ကရိတ်မြို့မှ ထွက်လာသည့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခံရပြီး စစ်သား ၄၀ ကျော်သေ ဆုံးကာ အကြိမ်ကြိမ် တပ်ပြန်လန်ကျနေ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး အကြိမ်ကြိမ် တပ်ပြန်လန်ကျနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။ ဩဂုတ်လ ၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကော့ကရိတ်မြို့မှ အာရှလမ်းမကြီးပေါ်သို့ တက်လောသော...