ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးတွင် ရွေးကောက်ပွဲအတွက် အ စည်းအဝေးပြုလုပ်သည့် စစ်သား၊ ရဲ ၊ ပျူနှင့် အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်မှု ၃ ဦး မီးလောင်းဒဏ်ရာ အပြင်းအထန်ရ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးတွင် ရွေးကောက်ပွဲအတွက် အ စည်းအဝေးပြုလုပ်သည့် စစ်သား၊ ရဲ ၊ ပျူနှင့် အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်မှု ၃ ဦး မီးလောင်းဒဏ်ရာ အပြင်းအထန်ရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၅

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသည့် စစ်သား၊ ရဲ၊ ပျူနှင့်အုပ်ချုပ်ရေးမှူးအပေါင်းပါများကို မိုင်းခွဲတိုက်ခိုက်ခဲ့ ရာ ၃ ဦး မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း‌ မြောက်ဥက္ကလာပမြို့နယ် မြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက် ည ၁၀ နာရီက လှိုင်သာယာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်၊ အုပ်ချူပ် ရေးမှူးရုံးတွင် အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အစည်အဝေးပြု နေ သည့် စစ်သား၊ ရဲ ၊ ပျူများနှင့် အုပ်ချူပ်ရေးမှူးအပေါင်းအပါများကို မြို့ပြပြောက်ကျားရဲဘော်များက မိုင်း၊ လက်လုပ်မိုင်းများဖြင့် ဖော်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး ၊ ပျူ ၂ ဦး စုစုပေါင်း ၃ ဦး မီးလောင်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ဆေးရုံကားများဖြင့် အရေးပေါ်သယ်ထုတ်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေး တပ်ဖွဲ့ – မြောက်ဥက္ကလာပမြို့နယ် နှင့် မြို့ပြကြွက် မြေ အောက်လှုပ်ရှားတပ်ဖွဲ့တို့ ပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားရဲဘော်များ ဘေး အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မတရားအာဏာသိမ်းယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ အတွက် အလိုတူ အလိုပါ ပူးပေါင်းဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူးများ ၊ စစ်သား၊ ရဲ၊ ပျူများ ဌာနဆိုင်ရာများကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြည်သူကာကွယ်ရေး တပ်ဖွဲ့- မြောက်ဥက္ကလာပမြို့နယ်က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို ဖက်ဆစ် စစ်တပ်က သီတင်းကျွတ်လပြည့် နေ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၆ ရက်) နံနက်...