အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်ခံမည်မဟုတ်ပဲ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု Operation Flame အဖွဲ့ထုတ်ပြန်
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၃၀
အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်ခံမည်မဟုတ်ပဲ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Operation Flame အဖွဲ့ကထုတ်ပြန်သည်။
Operation Frame အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်ဖော်ဆောင်မည် အတုအယောင် ရွေး ကောက်ပွဲကို လုံးဝလက်ခံသွားမည်မဟုတ်ဘဲ ရန်ကုန်တော်လှန်ရေး မဟာမိတ်များအားလုံးနှင့် အတူ လက်တွဲ၍ အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း အသိပေးထား သည်။
ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့ ည ၇ နာရီခန့်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရုံးရှိ အ ကြမ်း ဖက် စစ်တပ် ဒေါက်တိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ပြင်းအားမြင့် ချိန်ကိုက်ဗုံးများဖြင့် ဖောက် ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေး ရဲဘော်များ ဘေး ကင်းရာကို ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Operation Flame “Fire Power” အထူးစစ်ဆင်ရေး အနေဖြင့် လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရုံး။ (ပုံအဟောင်းဖြစ်ပါသည်။)
Thanlwin Myanmar Media