Yangon News

Yangon News

တောင်ဒဂုံမြို့နယ်၊ မောင်မကန်လမ်းပေါ်ရှိ ဧရာဝဏ်ရဲကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၁

 

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မောင်းမကန်လမ်းပေါ်ရှိ ဧရာဝဏ်ရဲကင်းစခန်းကို လက် ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း Mother Son Yangon Force အဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၀ ရက် ည ၈ နာရီ ၅ မိနစ်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မောင်မကန်လမ်းမ‌ ပေါ်ရှိ ဧရာဝဏ်ရဲကင်းစခန်းကို မြို့ပြပြောက်ကျားရဲဘော်များက လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲကင်းစခန်း၏ အရှေ့ဂိတ်ဝတည့်တည့် ကျရောက်ပေါက်ကွဲပြီး ရဲ ၁ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဂိတ်ရှေ့တည့်တည့်ကျတာ၊ တစ်ယောက်ကတော့ သေတယ်၊ တစ်ယောက်ကတော့ ဆေးလိပ် သောက်နေတဲ့ တစ်ယောက်လည်း ပက်လက်လန်သွားတာ၊ ရဲဘော်တွေအားလုံး ဘေးကင်းစွာ ဆုတ် ခွာနိုင်ခဲ့ပါတယ်။” ဟု Mother Son Yangon Force အဖွဲ့မှ တာဝန်ခံ ဗိုလ်နိုင်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Mother Son Yangon Force မြို့ပြပြောက်ကျားရဲဘော်များက လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲ၊ ထောက်တိုင်းများကို အရှိန်အဟုန်မြှင့်ကာ တိုက် ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်းမြို့နယ်အတွင်း လှည်လည်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေ ဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းမြို့နယ်အတွင်း လှည်လည်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေ ဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၃ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း လှည့်လည်နေသော အကြမ်းဖက်စစ်တပ် စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာစစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Thunderbird Local Defense Force တပ်ဖွဲ့ထံမှ သိရသည်။ အောက်တိုဘာ ၆ ရက်...