ရန်ကုန်မှော်ဘီလေတပ်ဌာနချုပ်ကို အသေခံ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဗိုလ် မိုးဝေကျော် အပါ အဝင် ၂ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဇွန်လ ၁၀
ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ လေတပ်စခန်းဌာနချုပ်ကို အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗိုလ် မိုးဝေကျော်အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military – SRDF တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၉ ရက် ည ၇ နာရီခန့်က မှော်ဘီမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လေတပ် စခန်းဌာနချုပ်ကို အိုးထိန်းတွင်းရွာ စစ်ဆင်ရေးအဖြစ် Jammer ကျော်ဖြတ်နိုင်သော အဆင့်မြင့် အ သေခံ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ လေတပ်စခန်းကင်းစင်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး စစ်ဗိုလ် မိုးဝေကျော်နှင့် စစ်ကောင်စီ တပ်သား ဖြိုးကိုကိုတို့ သေဆုံးခဲ့ကြောင်း သိရသည်။
“Jammer ကျော်တဲ့ Sucide Drone နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ၊ မှော်ဘီလေတပ်ရဲ့ ကင်းစခန်းကို ထိ ချက်ကောင်းကောင်း ထိမှန်ပေါက်ကွဲခဲ့ပါတယ်။ လေကြောင်းရဲဘက်က တပ်သားဖြိုးကိုကို သေ တယ်၊ ဗိုလ်မိုးဝေကျော်လည်း သေတယ်၊ အတည်ပြုလို့ရပြီ။ သူက အကနဂွင်ကနေ ပြောင်းလာတဲ့ သူ။ တပ်သားဖြိုးကိုကိုက ၇၅၇ ရခိုင်ရှေ့ တန်း စစ်မြေပြင်ကနေ ပြောင်းရွှေ့ခံလိုက်ရသူလို့ သိထားပါ တယ်။နောက်ပြီးတော့ ပျော်ပွဲစားထွက် လာတဲ့ စခမိသားစု ၆ ဦးလည်း ထိတယ်လို့၊ သေ၊ မသေတော့ မသိရဘူး။ ထိတာတွေက အထဲလူ တွေချည်းပဲ ပြည်သူတွေမပါဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ် မတော် Civilian Military – SRDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military – SRDF နှင့် ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းတို့ ပူးပေါင်းကာ အိုးထမ်းတွင်းရွာ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယခုတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီသတင်းဌာနများက ပြည်သူအချို့ ထိခိုက် ဒဏ်ရာရရှိသည်ဟု ဝါဒဖြန့်ချိနေကြောင်း၊ တိုက်ခိုက်ခဲ့သည့် ရဲဘော်များအနေဖြင့် စစ်ဆင်ရေးမှတ် တမ်းများကို သေချာစွာ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ပြည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိသည်ကို အတည်ပြုနိုင်ကြောင်း အသိပေးထားသည်။
“နောက်ထပ်အိုးထိမ်းတွင်း အတွက် လက်တုန့်ပြန်စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ မကြာတော့တဲ့ကာလမှာ တစ်ပြည်လုံးလွတ်မြောက်ရေးအတွက် တိုက်ပွဲဖော်ဆောင်ကြတော့မှာဖြစ် တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ အားတင်းထားပါလို့ ပြောချင်ပါတယ်” ဟု ပြည်သူ့ကာကွယ် ရေးတပ်မတော် Civilian Military – SRDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာစာသင်ကျောင်းကို အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များ၊ ဆရာမများအပါ အဝင် ၂၄ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media