တောင်ဒဂုံမြို့နယ်တရားရုံး၌တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ၇၉ မမ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်
သံလွင်မြန်မာသတင်း
ဇွန်လ ၈
ရန်ကုန်၊ တောင်ဒဂုံမြို့နယ် တရားရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ၇၉ မမ လောင် ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိရောက်စွာ ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း Yangon Army – YA တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၇ ရက် ည ၁၀ နာရီ ၃၅ မိနစ်က ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ အကြမ်းဖက် စစ် တပ်လက်အောက်ခံ မြို့နယ်တရားရုံး၌ တပ်စွဲကာ လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်သား များကို ၇၉ မမ လောင်ချာဖြင့် ၄၀ မမ ဗုံးသီး ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာ ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း သိရသည်။
“ပစ်မှတ်ကို တည့်တည့်ကျတယ်။ ထိရောက်မှုရှိခဲ့ပါတယ်။ နောက်ဆက်တွဲ ထိခိုက်သေဆုံး၊ ပျက်စီး မှုကတော့ စုံစမ်းနေတုန်းပါ၊ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Yangon Army – YA တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့ပူပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သော ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Manmar Media