သန်လျင်မြို့၊ သံလျင်တံတားအဆင်း လက်မှတ်ဂိတ်မှတ်တိုင်အနီးတွင် ဆက်ကြေးကောက်နေသော စစ်သား၊ ရဲများကို မိုင်းခွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်
သံလွင်မြန်မာသတင်း
မေလ ၂၁
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သံလျင်တံတားအဆင်း လက်မှတ်ဂိတ်မှတ်တိုင်အနီးတွင် ဆက်ကြေး ကောက်နေသော စစ်သား၊ ရဲများကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိ နိုင်ကြောင်း Operation Flame – OF ထံမှ သိရသည်။
ယနေ့ မေလ ၂၁ ရက် နံနက် ၁၀ နာရီ ဝန်းကျင်ကသန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက် သန်လျင်တံတားအဆင်း၊ လတ်မှတ်ဂိတ်မှတ်တိုင်အနီး၌ ပြည်သူ့ကားများကို အမြဲတမ်း ဆက်ကြေး ကောက်နေကြသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် လုံခြုံရေးယူပေးနေ သော စစ်သား၊ ရဲများကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ပြင်းအားမြင့် အဝေးထိန်းမိုင်း ၁ လုံး အသုံးပြုဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်၊ အကြမ်းဖက်တပ်သား တွေ ထိခိုက်နိုင်ခြေရှိနိုင်ခြေရှိပါတယ်” ဟု OperationFlame – OF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ စစ်သား၊ ရဲများ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေများအား စုံစမ်းနေဆဲဖြစ်ကြောင်း၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန် ရေး အဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးကို Operation Flame (OF)မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက် လက်၍ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲကာ အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media