Yangon News

Yangon News

မင်္ဂလာဒုံလေဆိပ်ရဲကင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၅

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ လေဆိပ်ရဲကင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့ကထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၂၄ ရက် ည ၇ နာရီ ၅၀ မိနစ်က မင်္ဂလာဒုံမြို့နယ်၊ကြံခင်းစုရပ်ကွက်၊ လေဆိပ် လမ်းသွယ် ရဲကင်းကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်း အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Photo – ရန်ကုန်လေဆိပ်စောင့် ရဲတစ်ဦး (ပုံဟောင်း)

အဆိုပါ ရဲကင်းသည် ပြည်သူများကို နေ့စဉ်အမျှ ဒုက္ခပေးနေသော စစ်သား၊ ရဲများရှိနေသဖြင့် Dark Shadow တပ်ဖွဲ့မှ မြို့ပြပြောက်ကျား ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထား သည်။

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ထောက်တိုင်များကို ရရာနေရာမှ တိုက်ခိုက် သွားမည်ဖြစ်ပြီး ဆက်လက်တိုက်ခိုက်ရန် ပစ်မှတ်များလည်းရှိသေးကြောင်း Dark Shadow တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော နေရာများ၊ စစ်ကောင်စီလက် အောက်ခံ ရဲ၊ စစ်သား နှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်သားများ စုဝေးရာနေရာများကို သွားရောက် ခြင်းမပြုကြရန်နှင့် ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု PDF တပ်ဖွဲ့ ဝင် ၄ ဦးနှင့် ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို အကြမ်းဖက်...