Yangon News

Yangon News

အင်းစိန်မြို့နယ်၊ စစ်ကောင်စီ၏ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ဂိတ်နှင့် တောင်ဒဂုံမြို့ မရဲစခန်းတို့ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု အစောင့် စစ်သား ၂ ဦး ၊ ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၂

 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေတပ် အိမ် ထောင်သည် လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ အစောင့်စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame – OF ထံမှ သိရသည်။

 

ဧပြီလ ၁၁ ရက် ည ၇ နာရီ ၃၇ မိနစ်က အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာ လမ်းမပေါ်ရှိ အကြမ်းဖက် စစ် တပ်၏ လေတပ် အိမ်ထောင်သည် လိုင်းခန်း အစောင့်ကင်းဂိတ်ကို တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ အစောင့် စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လိုင်းခန်း အတွင်း သို့ လူနာတင်ကားများနှင့် စစ်ကားများ ဝင်ရောက်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Operation Flame မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Operation Flame အဖွဲ့အနေဖြင့် ဆက်လက်၍ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ် ကြောင်း အသိ ပေး ထုတ်ပြန်ထားသည်။

 

အလားတူ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ တောင်/မြောက်လမ်းဆုံအနီးရှိ တောင်ဒဂုံမြို့မရဲစခန်းကို လက်ပစ်ဗုံး ဖြင့် တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း The Blood Line မြို့ပြ ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၂ ရက် နံနက် ၁၀ နာရီခန့်က တောင်ဒဂုံမြို့နယ်၊ တောင်/မြောက်လမ်းဆုံအနီးရှိ တောင်ဒဂုံမြို့မရဲစခန်းကို မြို့ပြပြောက်ကျားရဲဘော်များက လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ခတ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲများနေအထိုင်ရာ အနီး၌ ကျရောက်ပေါက်ကွဲပြီး ရဲ ၂ ဦးအနက် ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို The Blood Line ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားရဲ ဘော်များ ဘေးအန္တရာယ်ကင်းစွာဖြင့် လုံခြုံစိတ်ချရသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း အသိပေး ထားသည်။

The Blood Line မြို့ပြပြောက်ကျားတပ်ဖွဲ့အနေဖြင့် လုံခြုံရေးကြောင့် ယခင်မစ်ရှင်များကို သတင်း ထုတ်ပြန်ခြင်းမရှိခဲ့သော်လည်း ယခုအခါ အဖွဲ့အနေဖြင့် ရပ်တည်ရန် ခက်ခဲလာခြင်းကြောင့် အသိ ပေးထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ထောက်တိုင်မှန်သမျှကို ဆက်လက်ဖြိုဖျက်တိုက် ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ကြောင့်မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ၊ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေး မှူးတို့အနီးနှင့်နေရာတို့တွင် သွားလာနေထိုင်ခြင်း အထူးရှောင်ရှားကြရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်နေသော စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်

မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်နေသော စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၄ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်နေသော စစ်သင်္ဘောအုပ်စုကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Heart Army-(B.H.A) တပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၃ ရက် နံနက် ၁၁ နာရီ ၁၅...