Yangon News

Yangon News

တိုက်ကြီးမြို့နယ်ရှိ ကပစ ၁၁ ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက်ခိုက်မှု ၅ ဦး သေဆုံးပြီး ရိက္ခာဂိုဒေါင် နှင့် ခဲယမ်းဂိုဒေါင်မီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၈

 

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ အနီးရှိ အမှတ် ၁၁ ကာကွယ်ရေး ပစ္စည်း ထုတ် လုပ်ရေး စက်ရုံ – ကပစ ၁၁ ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၅ ဦး သေဆုံးကာ ရိက္ခာဂိုဒေါင်နှင့် ခဲယမ်းဂိုဒေါင် မီးလောင်ပျက်စီးခဲ့ကြောင်း Urban Special Operation – USO က သတင်းထုတ်ပြန်သည်။

 

ဧပြီလ ၄ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံ ကျေးရွာ အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၁၁ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး စက်ရုံ – ကစပ ၁၁ ကို မြို့ပြ အထူးစစ်ဆင်ရေးအဖြစ် တာဝေးပစ် မစ်ဇိုင်းဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အရာရှိအပါအဝင် ၁၆ ဦးသေဆုံး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လက်နက်ငယ်စက်ရုံ ပျက်စီးခဲ့ပြီး ရိက္ခာဂိုဒေါင်နှင့်ခဲယမ်းဂိုဒေါင်လည်းမီးလောင်ပျက်စီးခဲ့ ကြောင်း Urban Special Operation – USO က ယနေ့ ဧပြီလ ၇ ရက်နေ့ညနေပိုင်းတွင် ထုတ်ပြန် သည်။

 

အဆိုပါ တိုက်ခိုက်မှုကို Urban Special Operation (U.S.O) နှင့် Shadow (S.A.F) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအတွက် လိုအပ်သော လက်နက်ခဲယမ်းနှင့် အစိတ်အပိုင်းများကို ကပစ ၁၁ မှတစ်ဆင့် ထောက်ပံ့ပို့နေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

Urban Special Operation (U.S.O) အနေဖြင့် ပြည်သူလူထုအပေါ် မတရားညှင်းပန်းနှိစက်နေသော စစ်ကောင်စီ၏ စီးပွားရေးပိုင်ဆိုင်မှုများ အပြင် ပတ် သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှု များကို စစ်ရေးပစ်မှတ်အဖြစ် မဟာမိတ်များနှင့်ပူး ပေါင်း၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...