Yangon News

Yangon News

တိုက်ကြီးမြို့နယ်ရှိ အမှတ် ၁၁ ကပစ စက်ရုံကို တာဝေးပစ်မစ်ဇိုင်းဒုံး ၃ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၅

 

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၁၁ ကာကွယ်ရေးပစ္စည်းထုတ် လုပ်ရေး စက်ရုံ (ကပစ ၁၁) ကို တာဝေးပစ်မစ်ဇိုင်းဒုံး ၃ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (U.S.O) ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၄ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ ကစပ ၁၁ ကို မြို့ပြ အထူး စစ်ဆင်ရေးအဖြစ် တာဝေးပစ် မစ်ဇိုင်းဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှု ရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Photo – ပုံဟောင်း

အဆိုပါ တိုက်ခိုက်မှုကို Urban Special Operation (U.S.O) နှင့် Shadow (S.A.F) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအတွက် လိုအပ်သော လက်နက်ခဲယမ်းနှင့် အစိတ်အပိုင်းများကို ကပစ ၁၁ မှတစ်ဆင့် ထောက်ပံ့ပို့နေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

Urban Special Operation (U.S.O) အနေဖြင့် ပြည်သူလူထုအပေါ် မတရားညှင်းပန်းနှိစက်နေသော စစ်ကောင်စီ၏ စီးပွားရေးပိုင်ဆိုင်မှုများ အပြင် ပတ် သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှု များကို စစ်ရေးပစ်မှတ်အဖြစ် မဟာမိတ်များနှင့်ပူး ပေါင်း၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကင်တိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၊ PNO ပြည်သူ့စစ် ၂၀ ဦးခန့်သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် က ထုတ်ပြန်သည်။ ဩဂုတ်လ ၆ ရက်နေ့မှစပြီး ဆီဆိုင်မြို့နယ်၊...