Yangon News

Yangon News

ထိုင်းနိုင်ငံရောက် MOU အလုပ်သမားများ၏ တိုင်ကြားမှုကြောင့် ရန်ကုန်မြို့၊ မြောက်ဒဂုံရှိ ပင်လုံ ခန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မတ်လ ၂၆

 

ထိုင်းနိုင်ငံရောက် MOU အလုပ်သမားများ၏ တိုင်ကြားမှုကြောင့် ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံခန်းမကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန် သည်။

 

ယနေ့မတ်လ ၂၆ ရက် နံနက် ၅ နရီခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် ၊ အမှတ် ၄၃ ရပ်ကွက် မင်းရဲကျော်စွာလမ်းမပေါ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဋ္ဌာန ပင်လုံခန်းမကို Dark Shadow တပ်ဖွဲ့မှ အဝေးထိန်းမိုင်း အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ရခြင်းမှာ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွှတ်ခံရပြီး လုပ်ငန်းခွင်သို့ ရောက်ရှိ ခြင်းမရှိပဲ ဒုက္ခရောက်နေသော ထိုင်းနိုင်ငံရောက် MOU အလုပ်သမားပြည်သူများ၏ တိုင်ကြား မှုကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Photo – ပုံဟောင်း

အဆိုပါ အလုပ်သမားသင်တန်းကျောင်း ပင်လုံခန်းမသည် MOU စနစ်ကို ခုတုံးလုပ်၍ ပြည်ပသို့ သွား ရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများထံမှ သင်တန်းကြေးများ အတင်းအဓမ္မကောက်ခံခြင်း၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEAA  ဖိအားပေး၍ အလုပ်သမားများထံ မှ ငွေကြေးတောင်းယူခိုင်းယူခြင်း ၊ OWIC ကတ်ပြုလုပ်ပေးရာတွင် သတ်မှတ်ဈေးနှုန်းထက် ပိုမို တောင်းယူခြင်း၊ MOEAA အသင်း (ထိုင်း) ခေါင်းဆောင် ဗို-လ်-မှူး-အောင်-နိုင်-သူမှ အကြောင်း အမျိုး မျိုးပြ၍ ပြည်ပသွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများထံမှ အတင်းအကြပ်ငွေကြေး ကောက်ခံခြင်းများ လုပ်ဆောင်ကာ စစ်မိစ္ဆာများနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို မတရားသဖြင့် အနိုင်ကျင့်နေသည့် နေရာဖြစ်ဟု ဆိုသည်။

 

ထို့ကြောင့် အရိပ်ရဲဘော်များအနေဖြင့် ရရာနေရာမှ တိုက်ခိုက်သွားမည် ဖြစ်ကြောင်းနှင့် နောက်ပစ် မှတ်များကိုလည်း ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

မိဘပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ ၊ စစ်သား နှင့်ပျူများ၊ အရပ်ဝတ်စစ်သားများ စုဝေးရာ နေရာများသို့ သွားရောက်ခြင်းမပြုပဲ ဝေးဝေး မှ ရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

စစ်ကိုင်း၊ တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင် စီ ပြန်တိုက်နေ   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေကြောင်း...