Yangon News

Yangon News

ရန်ကုန်မြို့လယ်ခေါင်ရှိ တိတ်ရှိန်ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်အချို့ပါသွား

 

သံလွင်မြန်မာသတင်း

မတ်လ ၂၃

 

ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းမပေါ် ရွှေဘုံသာလမ်းနှင့် ၂၈ လမ်း ကြားရှိ တိတ် ရှိန် ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေပစ္စည်းအချို့ပါသွားကြောင်း ဓားပြတိုက်ခံရသည့် ရွှေဆိုင်နှင့်နီးစပ် သူတစ်ဦးက အတည်ပြုပြောကြားသည်။

 

ယနေ့မတ်လ ၂၃ ရက် နံနက် ၈ နာရီခန့်က ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းမပေါ် ရွှေဘုံသာ လမ်း နှင့် ၂၈ လမ်းကြား အမှတ် ၅၀၇/၅၀၉ အခန်း ၇ တွင်ဖွင့်လှစ်ထားသော တိတ်ရှိန်ရွှေဆိုင်ကို လူအချို့က ဝင်ရောက်ဓားပြတိုက်ရာ ရွှေထည်အချို့ပါသွားပြီး ယင်းအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် များက စစ်ဆေးနေကြောင်း သိရသည်။

“ဓားပြတိုက်ခံရတာမှန်ပါတယ်။ ရွှေထည်အချို့ပါသွားတယ်။ ဘယ်လောက်ပါသွားလဲဆိုတာတော့ မသိရသေးဘူး။ ဆိုင်ပိုင်ရှင်ကတော့ အမှုအခင်းနဲ့ပတ်သက်ပြီး လိုက်လုပ်နေတယ်။” ဟု ရွှေဆိုင်နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောကြားသည်။

 

အဆိုပါ တိတ်ရှိန်ရွှေဆိုင်သည် ပန်းပဲတန်းရဲစခန်းအနီးတွင်ရှိပြီး မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော် လှန်ရေးနေ့အတွက် စစ်သား၊ ရဲ များ လုံခြုံရေးတိုးမြှင့်ချထားသည့် အချိန်တွင် ဓားပြတိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

Thanlwin Mynmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်နေသည့် ရဲ ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းမိ   သံလွင်မြန်မာသတင်း ဧပြီလ ၂၃   ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်နေသည့် ရဲ ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းမိခဲ့ ကြောင်း CDF – Hakha က...