Yangon News

Yangon News

လူငယ်များကို စစ်မှုထမ်းရန် စီစဉ်ညွှန်ကြားနေသည့် ရန်ကုန်မြောက်ပိုင်းခရိုင် ထွေအုပ်ရုံးအပါအဝင် နေရာ ၃ ခုကို ၅ ကြိမ်ဗုံးခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သားအချို့ထိခိုက်ဒဏ်ရာရရှိ

 

D Day News

မတ်လ ၂၉

 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းရန် အဓိကညွှန်ကြားနေသော မြောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းများ အသုံးပြုပြီး မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Anonymous Fighters Force-AFF ရန် ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့မတ်လ ၂၉ ရက် ည ၈ နာရီ ၁၂ မိနစ်တွင် တစ်ကြိမ်၊ ၈ နာရီ ၂၂ မိနစ်တွင် တစ်ကြိမ်၊ ၈ နာရီ ၃၄ မိနစ်တွင် တစ်ကြိမ် အင်းစိန် မြိုနယ်အတွင်းရှိ စစ်မှုထမ်းဥပဒေကို အဓိကထား စီစဉ်ညွှန်ကြား နေသော မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံးကို ၃ ကြိမ်တိုင်တိုင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုအပြင် ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက်၄ နာရီ မိနစ် ၅၀ အချိန်ခန့်က လှိုင်သာယာ အနောက်ပိုင်း မြို့နယ်အတွင်း စစ်မှုထမ်းဆင့်ခေါ်ရေး အခြေခံထောက်တိုင်ဖြစ်သော ရိုလေးကျေးရွာ ရာအိမ်မှူး ညိုဝင်း၏ နေအိမ်နှင့် စစ်ကောင်စီ အသိမှတ်ပြု ပျူစောထီး ခေါင်းဆောင်တစ်ဦးဖြစ်သည့် အတွင်းပဒံ လူမိုက် ဇော်ဦး၏ နေအိမ်တို့ကို  မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“ဒီကနေ့မနက် ရိုးလေးကျေးရွာ သဇင်  ၃ လမ်းနေတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ထောက်တိုင် ရာအိမ် မှူး ညိုဝင်းရဲ့ နေအိမ်ခြံအတွင်း ဗုံးပေါက်ကွဲမှုက အိမ်ရှေ့ ဗူးစင် ပြိုလဲသွားတယ်၊ အိမ်ရှေ့ နေအိမ် မျက်နှာမှန်တွေလည်း ပျက်ဆီးသွားတယ်လို့ သိရတယ်၊ အဲဒါကြောင့် အကြောက်လွန်ပြီးလူမိုက်တွေ ရော ရပ်ကျေးတွေရော လုံခြုံရေးတွေအများကြီး ချနေတယ် သိရှိရပါတယ်၊ အတွင်းပဒံရပ်ကွက် က ပျုစောထီး လူမိုက်ဇော်ဦးရဲ့ နေအိမ် ဗုံးကွဲမှုကတော့ နေအိမ် ပက်ချာလည်မှာ CCTV တွေ တပ်ဆင်ဖို့ လုပ်ဆောင်နေသလို ခြံစည်းရိုးအမြင့်တွေ တည်ဆောက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်” ဟု Anonymous Fighters Force-AFF ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

 

Photo – အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဌာနရုံး (ပုံဟောာင်း)

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများကို Anonymous Fighters Force-AFF ၊ Rangoon Urban Force-RUF နှင့် Freeland Attack Force-FLA တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျား ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မိဘပြည်သူလူထုအား နည်းအမျိုးမျိုးဖြင့် ဖိအားပေးနေသော စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့် ပစ်မှတ်ထောက်တိုင်များကို စစ်ရာဇဝတ်သားများအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း၊ ဖြစ်ပါ၍ စစ် ရာဇဝတ်သားများကို ယနေ့မှစ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက် ချေမှုန်း အရေးယူသွားမည်ဖြစ် ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက အသိပေးထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြိုနယ်ရှိ ကျေးရွာ(၇)ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။...