Wetlet News

Wetlet News

ဝက်လက်မြို့နယ်ရှိ မီးသတ်ရုံးနှင့် တာဝါတိုင်စောင့် စစ်သားများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

မေလ ၇

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ မီးသတ်ရုံးနှင့် တာဝါတိုင်စောင့် စစ်သားများကို ဒရုန်း၊ လက်နက် ကြီး များဖြင့် ပစ်ခတ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရတနာပုံ တပ်ဦး (မန္တလေးခရိုင် ပ.က.ဖ) ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၆ ရက် နံနက် ၁၁ နာရီခန့်ကဝက်လက်မြို့နယ်ရှိ မီးသတ်ရုံးနှင့် တာဝါတိုင် စောင့် စစ်တပ် အထိုင် စခန်းရှိ အကြမ်းဖက်စစ်သားများကို ရတနာပုံတပ်ဦးနှင့် မဟာမိတ်တပ်ပေါင်းစုမှ ဝေဟင်မှ Drone တပ်စိတ်များဖြင့်တိုက်ခိုက်ခြင်း နှင့် မြေပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်းများကို ဗျူဟာကျကျ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မဟာမိတ်တွေပေါင်းပြီးဆော်တာ။ ဒရုန်းက ၆ စီးကျော်မယ်။ လက်နက်ကြီးရော ထုတယ်။ လက် နက်ကြီးနဲ့ ဒရုန်းတွဲဆော်ကြာတာ။ ခွေးတွေဘက်က များများ ပြန်မပစ်နိုင်ဘူး။ ကျနော်တို့ ဘက်က ဆက်တိုက်ထုတာ။ အနီးကပ်ဝိုင်းထုကြတာဆိုတော့ ထိတဲ့ခွေးတွေ ဒိုင်နာကားနဲ့ သယ်တာ ထိပါ မြင် ရတယ်။ဒရုန်းတစ်စီးက ဂျန်ပါမိပြီး ပျက်ကျခဲ့တာ၊ မဟာမိတ်တပ်ဖွဲ့က ဒရုန်းတစ်စီး” ဟု ရတနာပုံ တပ်ဦး (မန္တလေးခရိုင် ပ.က.ဖ) တာဝန်ခံ ကိုကီရီက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရတနာပုံတပ်ဦး၊ ပြည်သူ့ဘက်တော်သားပြောက်ကျားတပ်ဖွဲ့၊ 7 PDF၊ ဗိုလ်လှိုင်ဘွားပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ရေကြက် နှင့် ဗိုလ်ရဲရင့်အောင်တပ်ဖွဲ့၊ ဗိုလ်စိုးကြီးတပ်ဖွဲ့၊ ကြောင်လက်သည်း တပ်ရင်း ၁၅ ၊ တောင်သူလယ်သမားတပ်ပေါင်းစုနှင့် မဟာမိတ်ညီနောင်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Fixed Wings Drone တစ်စီးဆုံးရှုံးကာ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကော့ကရိတ်မြို့မှ ထွက်လာသည့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခံရပြီး စစ်သား ၄၀ ကျော်သေ ဆုံးကာ အကြိမ်ကြိမ် တပ်ပြန်လန်ကျနေ

ကော့ကရိတ်မြို့မှ ထွက်လာသည့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခံရပြီး စစ်သား ၄၀ ကျော်သေ ဆုံးကာ အကြိမ်ကြိမ် တပ်ပြန်လန်ကျနေ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး အကြိမ်ကြိမ် တပ်ပြန်လန်ကျနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။ ဩဂုတ်လ ၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကော့ကရိတ်မြို့မှ အာရှလမ်းမကြီးပေါ်သို့ တက်လောသော...