Wetlet News

Wetlet News

ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ကျေးရွာအနီးတွင် စစ်တပ်ကြောင်းကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၈

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာနှင့် တပ်ရွာကြားတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၆ ရက် နေ့က စစ်ကိုင်းမြို့နယ်ဘက်မှ ဝက်လက်မြို့နယ်အရှေ့တောင်ခြမ်းသို့ စစ်ကြောင်း ထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို ဝက်လက်မြို့နယ် စဉ့်ကိုင်ကျေးရွာနှင့် တပ်ရွာ ကြား အရောက်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/3iGkbIDhPE8

ယင်းတိုက်ပွဲအတွင်း မတ္တရာမြို့ ဘောလုံးကွင်းအတွင်း၌ ရှိ အကြမ်းဖက်စစ်တပ်က ၁၂၂ မမ ဟောင် ဝစ်ဇာလက်နက်ကြီးဖြင့် ၇ ချက်တိတိ ပစ်ကူပေးခဲ့တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း အကြမ်း ဖက်စစ်တပ် စစ်ကြောင်းမှာ ဧရာဝတီမြစ်ကို ဖြတ်ကူး၍ မတ္တရာမြို့နယ်၊ မိုးကြိုးရွာဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း ၁၇ ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈ နှင့် မတ္တရာမြို့နယ် ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် အမှတ် ၁ တပ်ရင်းနှင့် ၂ တပ်ရင်း ပူးပေါင်း (Drone တပ်ဖွဲ့) ၊ M.SAI.NAW (ပျောက်ကျား တပ်ဖွဲ့) ၊၀က်လက်မြို့နယ် ပ.က.ဖ (Drone တပ်ဖွဲ့) နှင့်Burmese Dragon Force (Drone တပ်ဖွဲ့) တို့ပူးပေါင်းပြီး ဗုံးသီး ၂၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...