Wetlet News

Wetlet News

ဝက်လက်မြို့နယ်ရှိန်းမကားစခန်းကို စက်လှေဖြင့် ရိက္ခာပို့လာသည့် စစ်ကြောင်းကို ဗုံးကျဲတိုက်ခိုက် (ရုပ်သံ)

 

D Day News

ဧပြီလ ၂

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်ဘေးရှိ ရှိန်းမကားစခန်းသို့ စကလှေဖြင့် ရိက္ခာပို့လာသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မတစ်ထောင် တစ်ကောင်ဘွား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ဒီပဲယင်း)ထံမှ သိရသည်။

 

မတ်လ ၃၁ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က ဝက်လက်မြို့နယ်၊ ရှိမ်းမကား ကျေးရွာသို့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဥဒိန်ဘက်မှ စက်လှေ ၃ စီးဖြင့် ကူးလာပြီး ရိက္ခာလာပို့သည့် အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ရွှေဘိုခရိုင်အမှတ် ၂ တပ်ရင်း ၊ ရွှေဘိုခရိုင်၊ ပ.က.ဖ လှုပ်ရှားတပ်ဖွဲ့ဦး ဆောင်မှုဖြင့် Shar Htoo Waw နည်းပညာ တိုက်ခိုက်ရေး ဒရုန်းများဖြင့် ဗုံးသီး ၅ လုံးကျဲချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

https://youtu.be/F2mY-r8lBKc

“ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ အနောက်ဘက်ကို ကူးလာတာ၊ စခတွေ ရှိန်းမကားရွာဘေး မြေပြင်ပေါ်ရောက်တဲ့အချိန် ဒရုန်းနဲ့ချတာပါ၊ ကျနော်တို့ နယ်မြေမဟုတ်တော့ စခသေထိခိုက်မှု တော့ စုံစမ်းနေတုန်းပဲ၊ ကျနော်တို့ ဒရုန်း ၂ စီးဆုံးရှုံးခဲ့တဲ့အတွက် မိဘပြည်သူ တွေကို ထပ်မံအ ကူအညီတောင်းချင်ပါတယ်” ဟု မတစ်ထောင် တစ်ကောင်ဘွား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒီပဲ ယင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မတစ်ထောင် တစ်ကောင်ဘွား ပြည်သူ့ကာကွယ်ရေး အဖွဲ့(ဒီပဲယင်း)၊ SHAR HTOO WAWနည်းပညာတပ်ဖွဲ့ Team 6 ၊ Drop For Justice -DFJ အဖွဲ့၊ Yaung Ni Shwebo ပြည် သူ့ကာကွယ်ရေးအဖွဲ့(ရွှေဘို)၊ ကြောင်လက်သည်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝက်လက်)၊ နယ်စည်း မခြား ဗိုလ်ပျံလွှား ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝက်လက်) နှင့် ကိုးတောင်ကျား ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ဝက်လက်) တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင် ၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၃ နာရီ ၃၀...