War Crimes News

War Crimes News

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ စိုးဝင်းအပါအဝင် ၂၃ ဦး ကို အာဂျင်တီးနားတရားရုံးက နိုင်ငံတကာ ဖမ်းဝရမ်းထုတ်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၄

 

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ စိုးဝင်းအပါအဝင် ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် Burmese Rohingya Organization UK – BROUK က ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ယမန်နေ့ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ၊ Buenos Airesရှိ တရားရုံးက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေသည့် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် အခြားစစ် တပ်အရာရှိ ၂၃ ဦး ကို ဖမ်းဆီးပေးရန် ၀ရမ်းထုတ်လိုက်ခြင်းဖြစ်ပြီး ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု အတွက် ပထမဆုံးသမိုင်းဝင်ခြေလှမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

“ဒါဟာ ရိုဟင်ဂျာတွေနဲ့ မြန်မာစစ်တပ်အောက်မှာ ခံစားနေရတဲ့ မြန်မာပြည်သူတိုင်းအတွက် တရား မျှတ မှုအတွက် သမိုင်းဝင် ခြေလှမ်းတစ်ခုပါ။ ဆယ်စုနှစ်များစွာ လူမျိုးတုံးသတ်ဖြတ်မှု ဒဏ်ကို ခံခဲ့ရ တဲ့ ရိုဟင်ဂျာတွေ၊ သူတို့ရဲ့ မိသားစုနဲ့ ယဉ်ကျေးမှုတွေ ဖျက်ဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ကို ယူဆောင်လာပေးပါတယ်။ ကမ္ဘာတဝန်းမှာ နိုင်ငံတကာဥပဒေကို ချိုး ဖောက်မှုတွေ ကြီးထွားလာချိန်မှာ နိုင်ငံတကာ တရားမျှတမှုအတွက် အောင်ပွဲတစ်ခုလည်း ဖြစ်ပါ တယ်။ အာဂျင်တီးနား တရားရေးမဏ္ဍိုင်ရဲ့ သတ္တိရှိရှိ ဆုံးဖြတ်ချက်က မင်းအောင်လှိုင်နဲ့ တခြားအရာ ရှိတွေ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးလို့ ပြတ်ပြတ်သားသား အချက် ပြတယ်။ ရိုဟင်ဂျာ မျိုး ဆက်တွေတင်မကဘဲ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ခံရသူတွေ အားလုံးအတွက်ပါ” ဟု BROUK ၏ ဥက္ကဌ ဦးထွန်းခင်က ပြောကြားသည်။

ယခုဖမ်းဝရမ်းထုတ်မှုသည် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပေါ် ကျူးလွန်သည့် အခန်းကဏ္ဍ ကိုသာ စုံစမ်းစစ်ဆေးခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာကျေးရွာများကို တိုက်ခိုက် သတ်ဖြတ်မှုနှင့် မုဒိမ်းမှုတို့ကို တိုက်ရိုက်ကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဝရမ်းထုတ်ခံရသူများစာရင်း တွင်ပါဝင်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေး ရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး – ICC သို့ တရားလိုရှေ့နေ Karim Khan ၏လျှောက်ထားချက်ကို ICC မှ ဖမ်းဝရမ်းထုတ်ခြင်း ရှိ၊ မရှိ စီရင်ချက် မရသေးသော်လည်း အာဂျင်တီးနားတရားရုံး၏ ဆုံးဖြတ် ချက်သည် အစိုးရရှေ့နေထံ အလိုအလျောက် ဖမ်းဝရမ်းထုတ်ရန်တောင်းဆိုမှုကို အစပျိုးလိုက် ခြင်း ဖြစ်ကြောင်း BROUK က အသိပေးထားသည်။

 

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိ သော်လည်း အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၆ နိုင်ဖြင့် ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရဲတပ် ဖွဲ့ – Interpol ထံသို့ “အနီရောင်အဆင့် သတိပေးချက်” ထုတ်ပြန်ကာ ဖမ်းဆီးပေးရန်တောင်းဆိုလာ နိုင်ကြောင်း သိရသည်။

 

“သေချာတာကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲံ ကျန်တဲ့ ဗမာစစ်တပ်ကအရာရှိတွေ ပိုက် ကွန်သဖွယ်ပိတ်မိနေပြီ။ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် နေရာတိုင်းမှာရှိတဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူပေးဖို့တောင်းဆိုပါတယ်” ဟု BROUK အဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

တမူးပကဖအဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို တောင်းဆိုရာတွင် အိန္ဒိယနယ်နမိတ်အတွင်း ဝင် ရောက်ကာ စတင်တိုက်ခိုက်မှုကြောင့် နှိမ်နင်းခံရခြင်းနှင့်နောက်နောင် အိန္ဒိယနိုင်ငံနယ်နိမိတ်ခြံ စည်းရိုးခတ်မှုကို မကန့်ကွက်ရန် ဖိအားပေးခြင်းခံခဲ့ရဟု NUG ထုတ်ပြန်   သံလွင်မြန်မာသတင်း မေလ ၂၀   စစ်ကိုင်းတိုင်း၊ တမူးခရိုင်ပကဖ အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက်...