War Crime News

War Crime News

ကောလင်းမြို့နယ်တွင် စစ်တပ်ကလေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁၄ နှစ် အရွယ်မိန်းကလေး ၁ ဦးအပါအဝင် ၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၁

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ရက်ဆက် တိုက်ခိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် မိန်းကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့ ဧပြီလ ၁၁ ရက် ညနေ ၃ နာရီ ၃၀ မိနစ်က ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိ ရှိ ပစ်မှတ်ထား၍ ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၅၆ နှစ်အရွယ် အမျိုး သမီး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ်များ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဧပြီလ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ကလည်း ကောလင်းမြို့နယ်၊ အရှေ့ ဘက် အခြမ်း ၊ ကျောက်ပြင်သာတိုက်နယ်က အင်ပင်လှရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ် တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်နေသူ အသက် ၁၄ နှစ်အရွယ်အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ကျောင်းထဲမှာက စစ်ဘေးရှောင်တွေ နေတယ်။ ပေါင် ၅၀၀ ဗုံးနဲ့ နှစ်ခါကြဲချတာ။ တလုံးက ကျောင်း ဝင်းထဲ ကျတယ်။ နောက်တစ်လုံးက ကျောင်းဆောင်ပေါ်ကို ကျတယ်။ အမျိုးသမီး တယောက် သေပြီး ၃ ယောက် လောက် ဒဏ်ရာရတယ်စာသင်ကျောင်းလည်းပျက်စီးသွားတယ်” ဟု ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မသန်းစွမ်းအမျိုးသမီး ၁ ဦးနှင့်ကျောင်းသား ၃ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း CDF -Mindat...