War Crime News

War Crime News

ဝက်လက်မြို့နယ်၊ စဉ့်ကိုင်မြောက်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ လသား ကလေးငယ်၊ အသက် ၈၀ ကျော် အဖိုး၊ အဖွား ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၇

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်မြောက်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ အသက် ၆ လသား ကလေးငယ်၊ အသက် ၈၀ ကျော်အဖိုး၊ အဖွား ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force တပ်ဖွဲ့ ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၁၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဝက်လက်မြို့နယ် စဉ့် ကိုင်(မြောက်)ရွာကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီး ဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၆ လသား ကလေးငယ်တစ်ဦး၊ အသက် ၈၅ နှစ် အ ရွယ်အဖွားတစ်ဦး၊ အသက် ၈၂ နှစ်အရွယ် အဘိုး တစ်ဦးနှင့်အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦး တို့သေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“စဉ့်ကိုင်ရွာက တောင်ဘက်ပိုင်းက စစ်ကိုင်းထဲပါတာ၊ မြောက်ဘက်ပိုင်းကတော့ ဝက်လက်နယ်ထဲပါ တယ်။ စစ်ပွဲလည်းမရှိဘူး။ အရပ်သားပြည်သူတွေနေတဲ့နေရာကို တမင်သက်သက် ကျဲချသွားတာပါ။ အသက် ၈၅ ဘွားတော်ရယ်၊ အသက် ၈၂ ဘိုးတော်ရယ်၊ အသက် ၃၀ ကျော်အမျိုးသမီးရယ်၊ ၆ လ သား ကလေးငယ်ရယ် သေတာ။ ဒဏ်ရာရတာ ၇ ယောက်ရှိတယ်။ နေအိမ်တွေလည်း ပျက်စီးတာရှိ ပေမယ့် အလုံးရေအတိအကျတော့ မသိရဘူး” ဟု ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူ - မြိုင်လမ်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍ အင်အား ထောင်ချီဖြင့် စစ်ကြောင်းထိုး၊ ပြည်သူများထောင်ချီ ထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်း လေယာဉ်ဖြင့် ဗုံးကျဲခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅     မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -မြိုင်လမ်းပိုင်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍...