War Crime News

War Crime News

စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်းဗုံးကြဲတိုက်ခိုက်ခံရမှု သံဃာတစ်ပါး၊ အမျိုး သမီး တစ်ဦးအပါအဝင် ၈ ဦးသေဆုံး၊ ဗုံးကြဲခံရသည့် နေရာကို ရှင်းလင်းရေးလုပ်ဆောင်စဉ် ထပ်မံ ဗုံးကြဲတိုက်ခိုက်

 

D Day News

ဇွန်လ ၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ သပြေသာရွာဘုန်းကြီးကျောင်းကို အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာ ၁ ပါး၊ အမျိုးသမီး ၁ ဦးတို့ အ ပါအဝင် ၈ ဦးသေဆုံးခဲ့ပြီး ဗုံးကြဲခံရသည့်နေရာအား ရှင်းလင်းရေး လုပ်ဆောင်စဉ် ထပ်မံ ဗုံးကြဲတိုက် ခိုက်ခံခဲ့ရကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၈ ရက် နံနက် ၁၁ နာရီ ၂၇ မိနစ်က စစ်ကိုင်းမြို့နယ်၊ သပြေသာရွာ၊ ရွာထိပ် ဘုန်း ကြီးကျောင်း၌ ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့များ အစည်းအဝေး ပြုလုပ်နေစဉ် အကြမ်းဖက်စစ်အုပ်စုက ပထမအကြိမ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တံတားဦးလေဆိပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထို့သို့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခံရသည့်နေရာအား နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများကြောင့် သံဃာ ၁ ပါး၊ အမျိုးသမီး ၁ ဦးနှင့် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့နောက် ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူရန်ပို့ဆောင်နေစဉ်လမ်း၌ ၃ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ရပ်/ကျေး တာဝန်ခံများ၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ၊ ပြည်သူများ အများပြား ဒဏ်ရာ ရရှိသည့်အပြင် ဘုန်းကြီးကျောင်း၊ ဆွမ်းစားကျောင်းဆောင် နှင့် ဓမ္မာရုံများ၊ဆိုင်ကယ်များ၊ ကားများ လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေး နှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်း ဖက်စစ်တပ်၏ ကျုးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...