War Crime News

War Crime News

အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း၊ ကြည်းကြောင်း ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အောက်တိုဘာလအတွင်း ပြည်သူ ၂၆၈ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၉

 

အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း၊ ကြည်းကြောင်းထိုးစစ်ဆင်တိုက်ခိုက်သတ်ဖြတ်မှု ကြောင့် အောက်တိုဘာလအတွင်း နိုင်ငံတဝန်းရှိ ပြည်သူ ၂၆၈ ဦးသေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့ထံက သိရသည်။

 

အောက်တိုဘာလတွင် ရခိုင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲဖြစ်ပွားမှုအများဆုံး ဖြစ်ပြီး တိုက်ပွဲ စုစုပေါင်း ၅၂၁ ကြိမ် ဖြစ်ပွားခဲ့ကာ တော်လှန်ရေးအဖွဲ့များက မြို့ ၄ မြို့ကို သိမ်းပိုက် ထိန်း ချုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ စက်တင်ဘာလထက် ၃ ဆ နီးပါးမြင့်တက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု အ များဆုံးဖြစ်ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းမှာမူ တိုက်ပွဲဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်ကြောင်း၊ KIA နှင့် ပူးပေါင်းတပ်များသည် ဆော့လော်မြို့ကို အောက်တိုဘာ ၂ ရက်နေ့တွင်လည်းကောင်း၊ ပန်ဝန်မြို့ကို အောက်တိုဘာလ ၁၈ ရက်နေ့တွင်လည်းကြောင်း အပြီးတိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို  ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက အောက်တိုဘာ ၈ ရက်နေ့တွင် လည်းကောင်း၊ သီပေါ်မြို့ကို TNLA တပ်ဖွဲ့က အောက်တိုဘာ၁၃ ရက်နေ့တွင်လည်း ကောင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တိုက်ပွဲများအတွင်း ပြည်သူများကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိခဲ့ရာ ပြည်သူ အနည်း ဆုံး၂၆၈ ဦး သေဆုံးကာ ၄၉၈ ဦး အနည်းဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အထဲတွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့၍ ပြည်သူ သေ ဆုံးမှု ၁၃၇ ဦးရှိကာ ၃၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး ဝင်ရောက်သတ်ဖြတ်မှုကြောင့် ထိခိုက်သေဆုံးမှုမှာ ဒုတိယ များဆုံးဖြစ်ပြီး ပြည်သူ ၄၆ ဦး သေဆုံးကာ အနည်းဆုံး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ချက် တွင် ဖော်ပြထားသည်။

 

ထို့ပြင် ကျူးလွန်သည့်အဖွဲ့အစည်းမသိရဘဲ ပြည်သူ သေဆုံးမှု ၁၂ ဦးရှိခဲ့ပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ ကြောင်း၊ ထို့ပြင် တော်လှန်ရေးအင်အားစုများကြောင့် တနင်္သာရီတိုင်းတွင် သေဆုံးသူ ၃ ဦးနှင့် စစ် ကိုင်းတွင် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်သည် အောက်တိုဘာလအတွင်းတွင် ပြည်သူ ၁၇၆၉ ဦးကို ဖမ်းဆီးခဲ့ပြီး တော် လှန်ရေးအဖွဲ့များက ၁၁၉ ဦးနှင့် အမည်မသိရှိရသည့် အဖွဲ့အစည်းများက ပြည်သူ ၂ ဦးကို ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

 

မြို့နယ်ပေါင်း ၁၂၅ မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုနှင့်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ် နှင့် တော်လှန်ရေးအင်အားစုများအကြား နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုဖြစ်စဉ် ၃၂၇ ကြိမ်ရှိခဲ့ ကြောင်း၊ အဆိုပါ ထိတွေ့တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုများက အကြမ်းဖက်စစ်တပ်၏ တပ်ရင်း၊ တပ်စခန်း၊ ဌာနချုပ်၊ ဗျူဟာကုန်းနှင့် ရဲစခန်း စုစုပေါင်း ၄၂ ခုကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်သား အနည်းဆုံး ၅၉၄ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၃၄၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂၄၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ တော်လှန် ရေး အင်အားစုများမှာမူ ၄၇ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

နှစ်ဖက်တိုက်ပွဲများအတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုဖြစ်စဉ်များလည်း ရှိခဲ့ပြီး ပြည်သူ ၆၁ ဦး သေဆုံးကာ အနည်းဆုံး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီး နှုတ်ထွက်ထားသူ စစ်မှုထမ်း တပ်သား အပါအဝင် ၂ ဦးအလင်းဝင်ခဲ့ကြောင်း Northwest Plains Revolutionary Forces – NPRF ထံမှ သိရသည်။ ဩဂုတ်လ လဆန်းပိုင်းမှ စ၍ မုံရွာမြို့နယ်...