War Crime News

War Crime News

မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁၀ တန်းကျောင်းသူတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၁ လုံးပျက်စီး

 

D Day News

အောက်တိုဘာလ ၂၇

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၁၀ တန်းကျောင်းသူတစ်ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိကာ နေအိမ် ၂၁ လုံးပျက်စီးခဲ့ကြောင်း ‌ေဒေသသတင်းရင်းမြစ်များ ထံက သိရသည်။

 

အောက်တိုဘာလ ၂၃ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်က မြောင်မြို့နယ်၊ ဇရပ်ကုန်း ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၅ နှစ်အရွယ် မဂျူလီယာစိုး၊ အသက် ၁၈ နှစ်အရွယ် မောင်ကျော်ထက်နောင်၊ အသက် ၂၄ နှစ်အရွယ် မယဉ်ဖြိုးဝေ၊ အသက် ၅၃ နှစ်အရွယ် ဦးမြင့်လွင်၊ အသက် ၆၀ အရွယ် ဒေါ်သန်းမြနှင့် အသက် ၈၀ အရွယ် ဒေါ်ထူးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် အသက် ၁ နှစ်နှင့် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၁ လုံး ပျက်စီးကာ အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

“အသက် ၈၀ အဖွားဆိုရင် ခေါင်းကြေသွားတာ။ အသက် ၁၅ နှစ်အရွယ် ကောင်မလေးကလည်း ခေါင်းက ရစရာမရှိဘူး။ ခြေထောက်ကလည်း ဒူးကနေလည်သွားတာ။ သူ့အဖေကလည်း ခြေ ထောက်ပြတ်သွားတယ်။ ဗိုက်လည်းပွင့်ထွက်သွားတယ်။ အသက် ၁၈ နှစ်ကလေးဆိုရင် မနှစ်ကမှ ရှင်ပြုထားတာ။ အသက် ၈၀ အဖွားဆိုရင် အိပ်နေရင်းအိမ်ကပိသွားတာ။ အတော်ဆိုးဆိုးရွားရွားကိုပါ ပဲ။” ဟု ဒေသနေပြည်သူတစ်ဦးက ရှင်းပြသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန်ဒေါင့်တိုက်ပွဲသို့ ပို့ဆောင်သည့် စစ်ကူစစ်ကြောင်းမှ စစ်ကြောင်းမှူး မိုင်းထိထားပြီး စစ်သား ၁ ဦးသေဆုံးကာ ဟိုတစ်စု၊ ဒီတစ်စု ဖြင့် တပ်ပျက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်စခန်းသို့ ပို့ဆောင်သည့် စစ်ကြောင်းမှ စစ်ကြောင်းမှူး...