United Nation Myanmar News

United Nation Myanmar News

စစ်ကိုင်းတိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင် အကြမ်းဖက်စစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချ

 

မြန်မာ့အရေးနှင့် ပတ်သက်၍ ပေါင်းစည်းညီညွတ်သည့် ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု လုပ်ဆောင်ရန် ထပ်မံတောင်းဆို

 

D Day News

ဇွန်လ ၇

 

စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အကြမ်းဖက်စစ်တပ်၏ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု အ ပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း ယနေ့ ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

 

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ တိုးမြင့်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်မကင်း ဖြစ်မိပါကြောင်း၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ ပြည် သူများအပါအဝင် အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ခဲ့သည်ဟု ဆိုသည့် မြန်မာစစ်တပ်၏ မကြာသေးမီက တိုက်ခိုက်မှုများကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ် ချပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထားသည့် နောက်ဆုံး ဖြစ်ရပ်နှင့် ရို ဟင်ဂျာများအပေါ် ဆက်လက် ဖိနှိပ်မှုများသည် လူမှုအသိုက်အဝန်း အားလုံးအပေါ် အကာအကွယ် ပေးရန် လိုအပ်နေသည်ကို မီးမောင်းထိုးပြနေပြီး နိုင်ငံတွင်း နေရာ အများအပြားတွင်လည်း မဆင် မခြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ် နေသည်ဟု ကြားသိရကြောင်း ဆက်လက်ဖော်ပြထားသည်။

 

ဤလုပ်ရပ်များအတွက် တာဝန်ရှိသူများ တာဝန်ခံမှု ရှိစေရပါမည်ဖြစ်ကြောင်း၊ ပဋိပက္ခတွင် ပါဝင် ပတ်သက်ကြသော အဖွဲ့အားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသည့် ဥပဒေ နှင့် အညီ အရပ်သားများကို အကာအကွယ်ပေး‌ရေး ဦးစားပေးဆောင်ရွက်ရန်၊ အတတ်နိုင်ဆုံး ထိန်း ထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ အကြမ်းဖက်မှုနှင့် လူမှုအသိုင်းအဝိုင်းကြား တင်းမာမှု ဖြစ်ပေါ်ရန် ထပ်မံလှုံ့ဆော်မှုများကို တားဆီးရန်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုသည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံတွင်း ပိုမိုဆိုးဝါးလာနေသည့် အခြေအနေကြောင့် ဒေသတွင်းမှာ နောက်ဆက်တွဲ အကျိုး ဆက်များ ဆက်လက်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် အထူး စိုးရိမ်မကင်း ဖြစ်ရပြီး ပေါင်းစည်းညီညွတ်သည့် ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု လုပ်ဆောင်ရန် အ တွက် ထပ်မံ တောင်းဆိုထားသည်။

 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် သူ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ် ရှော့ (Julie Bishop) နှင့် ထိတွေ့ဆက်ဆံရန် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် ပါဝင်ပတ်သက်သူ များ အားလုံးကို တိုက်တွန်းထားသည်။

 

ထို့ပြင် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ)၊ အိမ် နီးချင်း နိုင်ငံများနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ အပါအဝင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်း ရေးအတွက် မြန်မာနိုင်ငံမှ ဦးဆောင်ပြီး သက်ဆိုင်သူ အားလုံးပါဝင်သည့် လုပ်ငန်းစဥ်တရပ်ကို တည်ဆောက်ရာမှာ ကူညီဆောင်ရွက်ကြရန် နှင့် ဆင်းရဲဒုက္ခများ လျော့နည်းပျောက်ကွယ်သွားရန် အထူးကိုယ်စားလှယ်၏ ကြိုးပမ်းမှုများကို လည်း ထောက်ခံကြရန် အားလုံးကို ဆက်လက်တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

စစ်အုပ်စုက အဓမ္မပြုကျင့်ခြင်းနှင့် အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်းတို့ကို စစ်နည်းဗျူဟာ၊ စစ်လက် နက်အဖြစ် အစဉ်တစိုက် အသုံးချ လာလျက်ရှိပြီး စစ်အုပ်စုကို ချုပ်ငြိမ်းနိုင်မှသာလျှင် ပဋိပက္ခ အ တွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပပျောက်နိုင်မည်ဖြစ်ကြောင်း သံအမတ်အကြီး ဦးကျော်မိုး ထွန်းပြော   သံလွင်မြန်မာသတင်း ဇွန်လ ၂၀...