UN News

UN News

စစ်တပ်က အတင်းအဓမ္မစစ်သားစုဆောင်းမှုကြောင့် ပုဂ္ဂလိက လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် လူငယ်များများစွာ တိုင်းပြည်မှ ထွက်ပြေး၊ ပုန်းခိုနေရဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

 

D Day News‌

မေလ ၁၇

 

အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သားစုဆောင်းမှုကြောင့် ပုဂ္ဂလိက လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် လူငယ်များများစွာ တိုင်းပြည်မှ ထွက်ပြေး၊ ပုန်းခိုနေရဟု ကုလသမဂ္ဂဆိုင်ရာ မြန် မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

ယမန်နေ့ မေလ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် စီးပွား ရေးနှင့်လူမှုရေးကောင်စီ၏ Operational Activities ကဏ္ဍာအောက်မှ ၂၀၃၀ အာဂျင်ဒါ အကောင် အထည် ဖော်ရေးတွင် စနစ်ကျသောရလဒ် ကောင်းများရရှိရန် ဘဏ္ဍာရေးဆိုင်ရာ ဦးစားပေး လုပ်ငန်း များ ဖော်ဆောင်ရေးဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။

မကြာသေးမီက စစ်တပ်မှ အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ ပြုလုပ် ခြင်းကြောင့် ပုဂ္ဂလိက လုပ်ငန်းများတွင် လုပ်ကိုင်နေသည့်သူများအပါအဝင် လူငယ်များစွာ သည် တိုင်းပြည်မှ ထွက်ခွာရ ခြင်း၊ ပုန်းခိုနေရခြင်းများ ပြုလုပ်နေကြရကြောင်း၊ ယခုအခါ နိုင်ငံအတွင်းတွင် လူဦးရေ (၃) သန်း ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး၊ (၁၈.၆) သန်း ကျော်မှာ လူသားချင်းစာနာထောက် ထားမှု အကူအညီ လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် နိုင်ငံ၏ ဆင်းရဲမွဲ တေမှု သတ်မှတ်မျဉ်း အောက်သို့ ကျရောက်နေပြီး နိုင်ငံတွင် အလယ်အလတ်ရှိသည့် လူလတ်တန်း စားများမှာ တဖြေးဖြေး ပျောက်ကွယ်လာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားသည်။

 

စစ်တပ်သည် တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ် စေသည့် အဓိက အကြောင်းအရင်းဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ အကောင်အထည် ဖော်ရေးတွင်လည်း အဓိကအတားအဆီးဖြစ်နေသည်ဟု ဆိုသည်။

 

ကုလသမဂ္ဂဌာနချုပ်တွင် စီးပွား ရေးနှင့်လူမှုရေးကောင်စီ၏ Operational Activities ကဏ္ဍ အောက် မှ ၂၀၃၀ အာဂျင်ဒါ အကောင် အထည် ဖော်ရေးတွင် အကောင်အထည်ဖော်ရေး၏ ရေရှည်တည်တံ့ သော ငွေကြေးထောက်ပံ့မှုနည်းလမ်းများ ဖြစ်ပေါ်စေရေးတွင် နိုင်ငံအတွင်း ဒီမိုကရေစီပြန်လည် ရရှိ ရေးနှင့် တိုင်းပြည် တည်ငြိမ်ရေးသည် အရေးကြီးသည့်အချက်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ငြိမ်းချမ်းမှု မရနိုင်သလို၊ ငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပါကြောင်း သံအမတ်ကြီး ဦးကျော် မိုးထွန်းက ဆက်လက်ပြောကြားသည်။

 

သို့ဖြစ်ပါ၍ ၂၀၃၀ အာဂျင်ဒါ အကောင်အထည်ဖော်ရေးတွင် ယခင်ရရှိပြီးသော ရလဒ် ကောင်းများ ပြန်လည်ရရှိစေပြီး ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် တစ်ခုတည်း သောအချက်မှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ထောင်ခြင်းဖြစ်သည်မှာ အထူးထင်ရှားပါ ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြ သည်။

 

အဆိုပါဆွေးနွေးပွဲတွင် UNDP အကြီးအကဲ၊ ကုလသမဂ္ဂ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာဌာန အကြီး အကဲတို့အပါအဝင် ကုလသမဂ္ဂမှ တာဝန်ရှိသူ ၄ ဉီးမှ ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နစကမှ နလက အမည်ပြောင်းလဲခြင်းသည် နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့မှုကို ကျော်လွှားနိုင်ရန် မလိမ့်တပတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း JFM ပြောဆို

နစကမှ နလက အမည်ပြောင်းလဲခြင်းသည် နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့မှုကို ကျော်လွှားနိုင်ရန် မလိမ့်တပတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း JFM ပြောဆို

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ တရားမဝင်မြန်မာစစ်အုပ်စုက ၎င်း၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့ “နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက)” ၏ အမည်ကို “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းရေးကော်မရှင် (နလက)” အဖြစ် ပြောင်းလဲလိုက်ခြင်းသည် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများအား ကျော်လွှား နိုင်ရန် မလိမ့်တပတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Justic For...