UN News

UN News

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိဖြစ်သူနှင့်တွေ့ဆုံပြီး မြန်မာ့အရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာနိုင်ငံတ ကာငြိမ်ချမ်း၊ တည်ငြိမ်ရေးဖြစ်စဉ်များကို ဆွေးနွေး

 

D Day News

စက်တင်ဘာလ ၁၇

 

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အ ထွေထွေညီလာခံ သဘာပတိဖြစ်သူနှင့်တွေ့ဆုံပြီး မြန်မာ့အရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာနိုင်ငံတ ကာငြိမ်ချမ်း၊ တည်ငြိမ်ရေးဖြစ်စဉ်များကို ဆွေးနွေးခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနထံက သိရသည်။

 

စက်တင်ဘာလ ၁၆ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် (၇၉) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ် ဆောင် ရွက်နေသည့် Philemon Yang နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွင်းလက်တလော ဖြစ်ပွားနေသည့် အခြေအနေများ၊ မြန်မာ့အရေးနှင့်စပ်လျဥ်းသည့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဥ် များကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိဖြစ်သူ Philemon Yang သည် ကင် မရွန်း နိုင်ငံဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

Photo – (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိ Philemon Yang ၏ Twitter (X) စာမျက်နှာပေါ်တွင်သတင်းထုတ်ပြန်ထားသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံနေသည့်ပုံ။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

တောင်ငူမြို့နယ်တွင် စစ်ကောင်စီဂိတ်စခန်းကို ဖြတ်သန်းမောင်းနှင်လာသော ကယန်းပြည်သစ် ပါတီအမှတ်တံဆိပ်၊ အလံပါ ကုန်တင်ကား တစ်စီးကို ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကရင်ချောင်းတံတား၊ ကွန်ကရစ်လမ်းပေါ်တွင် စစ်ကောင်စီ ဂိတ်ကို ဖြတ်သန်းမောင်းနှင်လာသည့် ကယန်းပြည်သစ်ပါတီ အမှတ်တံဆိပ်၊ အလံပါ ကုန်တင်ကား...