TNLA News

TNLA News

သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီးအလုံး ၅၀ ကျော်ကြဲချတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး လူနေအိမ်တစ်လုံးမီးလောင်ပြာကျ

 

D Day News

စက်တင်ဘာလ ၁၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် ဗုံး အ လုံး ၅၀ ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး လူနေအိမ်တစ်လုံး မီးလောင် ပြာကျခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီမှ ၁၀ နာရီခန့်အထိ တအာင်းပြည်၊ တပ်မဟာ ၂ နယ် မြေ သီပေါမြို့ အနောက်ရပ် ရပ်ကွက်နှင့် စင်မာလာပြည်သူ့ဥယျာဉ် အတွင်းကို စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ဆက် တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်ရှိ လူနေအိမ်များ ပျက်စီးခဲ့သည့်အပြင် ဒေသနေ ပြည်သူ တစ် ဦး ဗုံးစမှန်သေဆုံးခဲ့ရပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့စက်တင်ဘာလ ၁၅ ရက် ည ၉ နာရီ ၁၆ မိနစ်အချိန်တွင်  စစ်ကောင်စီ တပ်စွဲ ထားသည့် တပ်စခန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ သီပေါမြို့ ဇတ်စုရပ်ကွက် အတွင်း ကျရောက်ပေါက်ကွဲကာ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် ပြည်သူလူထုများအား ဦးတည်ကာ လေကြောင်းဖြင့် လိုက်လံဗုံးကြဲ တိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိ TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရွှေပြည်သာမြို့မရဲစခန်းနှင့်‌ မြောက်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့မရဲစခန်းနှင့် မြောက်ဥက္ကလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦ...