TNLA News

TNLA News

နောင်ချို၊တောင်ခမ်းရွာတိုက်ပွဲတွင် စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိထားသော တင့်ကားများ အသုံးပြု ပြီးတိုက်ခိုက်နေ (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိသည့် တင့်ကားများ အသုံးပြုကာ တိုက်ခိုက်နေကြောင်း TNLA က ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားသည်။

 

ယခုလစက်တင်ဘာလ ပထမအတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ကျောက်မဲမြို့နှင့် နောင်ချိုမြို့ နယ်၊ တောင်ရှည် ကျေးရွာအုပ်စု၊ တောင်ခမ်းတပ်စခန်း တိုက်ပွဲမှတ်တမ်းများဟုဆိုကာ ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများကို TNLA တပ်ဖွဲ့မှ စစ်ဦးစီးမှူး ဒုတိယ ဗိုလ်မှူးကြီး တာမဝေါ နှင့် တပ်မဟာမှူး ၆ ဒုတိယဗိုလ်မှူးကြီး တာမောရှန် တို့ ဦးဆောင်ကာ အကြမ်းဖက်စစ် ကောင်စီ၏ အမြောက်တပ် ၂၀၆ ၊ ၃၅၄ ၊ ၄၀၆ ၊ ၉၀၂ တို့ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

https://youtu.be/PeBcwntykYI

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၃ လောင်းထက်နည်းနှင့် လက်နက်ခဲယမ်းအမြောက်အများကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဘက်မှ နောင်ချိုမြို့နယ်အတွင်းသို့ စစ် အင်အားဖြည့်တင်းရန် အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး လေကြောင်း ဖြင့်လည်း လက်နက်ခဲယမ်းများရိက္ခာများချပေးခြင်း၊ ပစ်ကူပေးခြင်းတို့ လုပ်ဆောင်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့နယ်၊ ဗောဓိတထောင်တာဝါတိုင်ကုန်း၌ တာဝန်ကျနေသော စစ်ဗိုလ်တစ်ဦး ၎င်းတို့ထောင် ထားသည့် မိုင်းနင်းမိကာ ပေါင်ပြတ်သေဆုံးပြီး ယင်းအလောင်းသယ်ရန် ယာဉ်တန်းကို မိုင်းဆွဲ တိုက် ခိုက်မှု ထိခိုက်သေဆုံးမှုရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၈   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတာဝါတိုင်ကုန်း၌ တာဝန်ကျနေသော စစ်ဗိုလ်တစ်ဦး ၎င်းတို့...