TNLA News

TNLA News

တအာင်းစာပေအဖွဲ့ TLA ကို ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း TNLA ကြေညာ

 

D Day News

ဩဂုတ်လ ၃၁

 

တအာင်းစာပေအဖွဲ့အစည်းများ စုစည်းပြီး တအာင်းစာပေအဖွဲ့ – TLA ကို ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း TNLA က ထုတ်ပြန်ကြေညာသည်။

 

ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့တွင် ကျရောက်သည့် (၅၂)နှစ်မြောက် တအာင်းစာပေနေ့ကို တအာင်းပြည် နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ တအာင်းစာပေ အခမ်းအနားနှင့်အတူ တအာင်းစာသင် ဆရာ/မ အဖြစ် TOT အပတ်စဉ်(၄) သင်တန်းဆင်းပွဲပါ ကျင်းပပြုလုပ်ပြီး တအာင်းစာပေအဖွဲ့ Ta’ang Literature Association – TLA ကိုလည်း ဖွဲ့စည်း နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် တအာင်းစာပေနေ့တွင် တအာင်းမျိုးနွယ်စုများအားလုံး တမူတည်းသောစာ ရုံးသုံးစာပေ/ ဘာသာစကား တိုးတက်ပြန့်ပွားစေရန် ယခင်တအာင်းစာပေအဖွဲ့အစည်းများမှ စုပေါင်း၍ တအာင်း စာပေအဖွဲ့ (TLA) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တအာင်းစာပေအဖွဲ့ Ta’ang Literature Association TLA သည် တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ တအာင်းစာသင်ကြားရေးအဖွဲ့(TLTA)နှင့် PSLF/ TNLA တအာင်းရုံးသုံးစာအဖွဲ့တို့မှ စုပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

 

တအာင်းလူမျိုးများသည် မျိုးနွယ်စုများစွာရှိရှိပြီး မတူညီသော (သရ)လေသံများကိုစုစည်းကာ မျိုး နွယ်စုများမှ အများဆုံးတူညီသည့် ဝေါဟာရ စကားလုံးများအား ရုံးသုံးဘာသာစာ/စကားအဖြစ် ရွေး ချယ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

ယခုဖွဲ့စည်းထားသည့် TLA သည် တအာင်းစာပေကို ထွန်းကားပြန့်ပွားအောင် အစဉ်တစိုက် လုပ် ဆောင်သွားရ မည်ဖြစ်ပြီး  (၅၂) ပြည့် စာပေနေ့အခမ်းအနားမှာ တအာင်းဘာသာရုံးသုံးစာဖြင့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဘာသာပြန်စာနှင့် အခြားသော တအာင်းစာနှင့်ပတ်သက်သည့် ပြိုင်ပွဲ ဝင်များကို အဆင့်လိုက် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တအာင်းစာပေ သင်ကြားပေးမည့် TOT အပတ်စဉ် (၄) သင်တန်းဆင်း ဆရာ/မ များကို လည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ PSLF/TNLA ဒု-ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျား နှင့် အထွေအထွေ အတွင်းရေး မှူး ဗိုလ်ချုပ် တာဘုန်းကျော်တို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

တအားစာပေနေ့ အခမ်းအနားကို နမ့်ခမ်းမြို့နယ်၊ မန်တုံမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် အခြားမြို့နယ် များ တွင်လည်း ကျင်းပခဲ့ပြီး PSLF/TNLA ခေါင်းဆောင်ကြီးများ၊ အရာရှိအရာခံများ၊ တအာင်း စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ တအာင်းစာသင်ကြားရေးအဖွဲ့နှင့် မိဘပြည်သူများ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...

Tanintharyi News

ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁   တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်...