TNLA News

TNLA News

သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်မီးလောင်

 

D Day News

ဩဂုတ်လ ၂၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်မီး လောင်ဆုံးရှုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဩဂုတ်လ ၁၈ ရက်နေ့က သီပေါမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၃ အနီးရှိ နားမုံရပ် ကွက်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူအမျိုးသား ၂ ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဩဂုတ်လ ၁၉ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် သီပေါမြို့ ကျောက်စု ရပ်ကွက် ရှိ AAA ၏ ဆီသိုလှောင်ကန်အတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျ‌ရောက်ပေါက်ကွဲခဲ့ ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ PSLF/TNLA ၏ သီပေါမြို့မီးသတ်တပ်ဖွဲ့နှင့် မြို့ခံပြည်သူလူထုများ အ ချိန်မှီဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုအပြင် သီပေါမြို့နယ် နမ့်လန်တွင် သြဂုတ်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁) ဦး ထိမှန်ဒဏ်ရာရရှိပြီး နေအိမ် (၂) အိမ် ပျက်စီးခဲ့ကြောင်း သိရသည်။

 

သီပေါမြို့တွင် သြဂုတ်လ(၁) ရက်နေ့မှ (၁၉)နေ့အထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို့ ဦးတည် ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၄) ဉီးသေဆုံးပြီး (၄၂) ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် တပ်ကြပ်ကြီး အောင်မျိုး ကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် စစ်ကောင် စီတပ်မှ တပ်ကြပ်ကြီး အောင်မျိုးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖထံမှ သိရ သည်။...