TNLA News

TNLA News

TNLA ထိန်းချုပ်ထားသည့် ကွက်ခိုင်မြို့ကိုစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် နေအိမ် ၂ လုံး မီးလောင် (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားရာ ကွက်ခိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးမီးလောင်နေကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဩဂုတ်လ ၅ ရက် ညနေ ၃ နာရီ ၅ မိနစ်အချိန်က ကွတ်ခိုင်မြို့၊ ရပ်ကွက် ၅ ၊ ဈေးဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ယာဉ်ဖြင့် ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ကွက်ခိုင်မြို့ဈေးရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံးမီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုသို့ လာရောက်ဗုံးကြဲခြင်းမပြုလုပ်မီ အကြမ်းဖက်စစ်ကောင်စီတပ် မွန်းလွဲ ၂ နာရီခန့်ကတည်းက ပျံဝဲစောင့်နေခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦးထိခိုက်သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်နေသာ်လည်း D Day News သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။

https://youtu.be/Vl5vnls_ags

 

D Day News

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်၊ မြင်းခြံ-ပုဂံ-ညောင်ဦးလမ်းပိုင်း တမိုက်သာကျေးရွာမှ ထွက်လာသော စစ်ကား များနှင့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၁   မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြင်းခြံ - ပုဂံ - ညောင်ဦးလမ်း ပိုင်း...