TNLA News

TNLA News

TNLA ထိန်းချုပ်ထားရာ ကွက်ခိုင်မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် နေအိမ် ၂ လုံးမီးလောင်နေ

 

D Day News

ဩဂုတ်လ ၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားရာ ကွက်ခိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးမီးလောင်နေကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဩဂုတ်လ ၅ ရက် ညနေ ၃ နာရီ ၅ မိနစ်အချိန်က ကွတ်ခိုင်မြို့၊ ရပ်ကွက် ၅ ၊ ဈေးဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ယာဉ်ဖြင့် ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးမီးလောင်ကျွမ်းနေကြောင်း သိရသည်။

 

ထိုသို့ လာရောက်ဗုံးကြဲခြင်းမပြုလုပ်မီ အကြမ်းဖက်စစ်ကောင်စီတပ် မွန်းလွဲ ၂ နာရီခန့်ကတည်းက ပျံဝဲစောင့်နေခဲ့ကြောင်း သိရသည်။

Photo – CJ

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

စစ်ကောင်စီ၏ စစ်ကြောရေစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်းစိန် အကျဉ်းထောင်အတွင်း၌ ကျဆုံးသွားသော မဝတ်ရည်အောင်၏ ရုပ်အလောင်းကို ရေဝေးသုဿန်၌ ယနေ့ သင်္ဂြိုလ်မည်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၂   အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်း စိန်အကျဉ်းထောင်၌ ကျဆုံးသွားသော နိုင်ငံရေး...