TNLA News

TNLA News

လားရှိုးအကျဉ်းထောင်မှ ကယ်ထုတ်ခဲ့သည့် တအာာင်းလူမျိုးအကျဉ်းသား ၁၁၈ ဦးကို MNDAA က TNLA ထံ လွှဲပြောင်းပေးအပ်

 

D Day News

ဩဂုတ်လ ၃

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အကျဉ်းထောင်မှ ကယ်ထုတ်နိုင်ခဲ့သည့် တအာင်း လူမျိုး အကျဉ်းသား ၁၁၈ ဦး ကို MNTJP/MNDAA မှ PSLF/TNLA ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဇူလိုင်လ ၂၄ ရက်နေ့က လားရှိုးမြို့အကျဉ်းထောင်ကို ညီနောင်မဟာမိတ် (၃) ဖွဲ့တို့က ထိန်းသိမ်းနိုင် ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကျဉ်းထောင်အတွင်း အကျဉ်းကျနေရသည့် တအာင်းအမျိုးသား အကျဥ်သား ၁၁၈ ဦးတို့ကို ကိုးကန့်တပ်ဖွဲ့ MNTJP/MNDAA မှ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF/TNLA ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွှဲအပ်ပေးသည့်အကျဉ်းသား (၁၁၈)ဦး တွင် မတရားအသင်းနှင့် ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲခံရသူအကျဉ်းသား (၅)ဦး၊ မသင်္ကာမှုဖြင့် (၁၅)ဦး၊ လောင်းကစားမှုဖြင့် (၁)ဦး၊ အရေးပေါ် ထုတ်ပြန်သည့်အမိန့် Martial Law ဥပဒေဖြင့် (၃)ဦး၊ ရဲပြေးမှုနှင့် လဝက အမှု (၄)ဦး၊ ဓါးပြတိုက်မှု (၂)ဦး၊ ရဲစီးမှု (၁) ဦး၊ လူကုန်ကူးမှု (၂)ဦး၊ မူးယစ်မှု (၈၆)ဦးတို့ ပါဝင်ကြောင်း သိရသည်။

 

ထိုအကျဉ်းသားများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာနမှ လက်ခံနေရာချမှတ်ပေးထားပြီး သက်ဆိုင်ရာအမှုအသီးသီးကို ပြန်လည်စိစစ်ကာ ပြန်လွှတ်ပေးခြင်း၊ ပြစ်မှုဆိုင်ရာ ပြန်လည်အရေးယူခြင်းစသည့်လုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိ ပေးထားသည်။

 

ထို့အပြင် လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်ပြီးဖြစ်သော်လည်း သက်ဆိုင်ရာမိသားစုထံနှင့် PSLF/TNLAထံ မရောက်ရှိသေးသည့် တအာင်းနိုင်ငံရေးအကျဥ်းသားများလည်း မိသားစုထံပြန်လည် ရောက်ရှိနိုင်ရေးအတွက် မဟာမိတ် MNTJP/MNDAAထံ ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုအောင်သူထက် ကို ထောင်ဝန်ထမ်းမှ ပုခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထား   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၇   ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက် ကို အကျဉ်း ထောင် ဝန်ထမ်း စိုးမင်းဆိုသူမှ ပုခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ...