TNLA News

TNLA News

မိုးကုတ်မြို့ရှိ အကျဉ်းထောင်ကို သိမ်းပိုက်ရရှိမှု စစ်သား ၂၀ သေဆုံးပြီး ဒရုန်းတစ်စင်း၊ လက် နက် ငယ် ၅ လက်သိမ်းဆည်းရရှိ၊ နောင်ချို၊ ကျောက်မဲတို့တွင်လည်း ဆက်လက်တိုက်ပွဲဖြစ်

 

D Day News

ဇူလိုင်လ ၂၂

 

မန္တလေးတိုင်း မိုးကုတ်မြို့နယ်အရှေ့၊ ပန်မထိပ်ရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ အကျဉ်းထောင်ကို သိမ်းပိုက်ရရှိခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ သေဆုံးပြီး ဒရုန်းတစ်စင်း၊ လက်နက်ငယ် ၅ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၂ ရက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ ၊ ၂၈ ရက်မြောက်နေ့တွင် မိုးကုတ်မြို့ (အရှေ့ ပိုင်း) ပန်မထိပ်ရွာအနီးနှင့် အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA နှင့် PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက် ခဲ့ရာ စစ်ကောင်စီ၏ တပ်သား အလောင်း ၂၀ လောင်း ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သား အသုံးပြသည့် လက်နက်ငယ် (၅) လက်၊ ဒရုန်း (၁) စင်းနှင့် အခြား စစ် အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ တအာင်းပြည် တပ်မဟာ(၂) နယ်မြေ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းများ အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ ဆက်လက် တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

ယနေ့ ဇူလိုင် (၂၂) ရက် မွန်းလွဲ ၁ နာရီ ၁၁ မိနစ်အချိန်တွင် နောင်ချိုမြို့ နယ် တဲခေါ်ရွာရှိ စစ်ကောင် စီတပ် စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် တပ်မဟာ(၂) နယ်မြေ ကျောက်မဲမြို့နယ်ရှိ အေးရှားဝေါဂိတ်နှင့် နမ့်ဆီလင်းဘုန်းကြီးကျောင်း တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့အား တအာင်းတပ်မတော် TNLA တပ်ဖွဲ့က လိုက်လံရှင်း လင်းရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KIA News

KIA News

ဗန်းမော်မြို့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခံရသည့် ဗျူဟာမှူးအသစ်နှင့်အဖွဲ့ KIA တပ်ဖွဲ့က ပစ်ချခံ ရပြီး သေဆုံး၊ KIA က ပစ်ချမှုကြောင့် ရဟတ်ယာဉ် ၂ စီးပျက်စီး ၊ လေယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်၊ တွဲဖက် ဗိုလ်ကြီး ကောင်စံသိန်း ၊ လေတပ်အင်ဂျင်နီယာ ဗိုလ်ကြီး...