TNLA News

TNLA News

လားရှိုး၊ မိုးကုတ်၊ မိုးမိတ်နှင့်ကျောက်မဲမြို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက် ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၁၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ မိုးမိတ်၊ ကျောက်မဲနှင့်မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

 

ယနေ့ ဇူလိုင်လ ၁၄ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် မိုးကုတ်မြို့၊ အရှေ့ပိုင်း စစ်တန်းကုန်းရပ် ကွက်အတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် တစ်လုံးပေါ်သို့ ကျ ရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မိုးကုတ်မြို့ ၊ သဖန်းပင်၊ မြို့မရပ်ကွက်၊ မင်းတံတား ရပ်ကွက်တို့ကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၇ ဦး လက်နက်ကြီးစထိမှန်ပြီး ၃ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

 

ကျောက်မဲမြို့ ရပ်ကွက် ၁ အတွင်းသို့လည်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကျောက်မဲမြို့နယ်၊ မန်မိုင်ရွာကိုလည်း စစ်တပ် က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် လားရှိုးမြို့ ရပ်ကွက် ၄ အတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၅၀ နှစ်အရွယ်အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အတူ ယမန်နေ့ ဇူလိုင်လ ၁၃ ရက် ည ၁၀ နာရီအချိန်က မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ နမ်း ခမ်းအင်အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး ပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ၃၈ နှစ်အရွယ် ဦးသိန်းသန်းဆိုသူ ပွဲချင်းပြီးသေဆုံးကာ နေအိမ် လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တိုက်ပွဲ ရက် ၂၀ အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးသူ စုစုပေါင်း ၆၆ ဦး ရှိပြီး ၁၀၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...