TNLA News

TNLA News

TNLA ထိန်းချုပ်ထားသော နမ့်ဆန်မြို့တွင် တအာင်းပညာရေးအကယ်ဒမီ-TEC ကျောင်းဆင်းပွဲ ကျင်းပ

 

D Day News

ဧပြီလ ၈

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားရာ နမ့်ဆန်မြို့တွင် တအာင်းပညာရေးအကယ် ဒမီ (TEA) ကျောင်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ဧပြီလ ၇ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။

 

တအာင်းပြည်နယ်အတွင်း ဖွင့်လှစ်နေသည့် TLEC ကျောင်းများတွင် ဆရာ၊ ဆရာမများအဖြစ် တာဝန် ထမ်းဆောင်နိုင်ရန် တအာင်းပညာရေးအကယ်ဒမီကျောင်းကို ပထမ ဆုံးအကြိမ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းသင်တန်းကျောင်းဆင်းပွဲကို PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေ အတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်နှင့် ကျောင်းသူ/သားများ ဒေသနေပြည်သူ လူထုများ စုစု ပေါင်း လူဦးရေ ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကျောင်းကို ကျောင်းသူ ၉၃ ဦး၊ ကျောင်းသား ၂၇ စုစုပေါင်း ၁၂၀ ဦး တက်ရောက် အောင် မြင်ခဲ့ပြီး ကျောင်းကာလ ၁ နှစ်နီးပါးကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ဒုတိယအသုတ်အနေဖြင့် လာမည့်ဇွန်လ ၁ ရက်နေ့တွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပြီး လျှောက်လွှာ များ ဖြန့်ဝေထားပြီဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်၊ မန်ဟုန်း‌ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအ၀င် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ...