TNLA News

TNLA News

မိုးကုတ်မြို့အနောက်ပိုင်းတွင် အကြမ်းဖက်စစ်သား ၁၅ ဦးကို အရှင်ဖမ်းမိပြီး၊ လက်နက် ၄၃ လက်နှင့်အတူ ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၁

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးကို အရှင်ဖမ်း မိခဲ့ပြီး လက်နက် ၄၃ နှင့်အတူ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

 

တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ မိုးကုတ်မြို့နယ်အနောက်ပိုင်းတွင် တအာင်းတပ်မတော် TNLA၊ PDF (မိုးကုတ်ဗျူဟာ) နှင့် PDF တပ်ရင်း ၅၁၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တစ်ပတ်အတွင်း အကြမ်း ဖက် စစ်ကောင်စီတပ်သား ရဲ ၂ ဦး အပါအဝင် စစ်သုံ့ပန်း ၁၅ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ထို့အပြင် လက် နက် ၄၃ လက်သိမ်းရရှိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရရှိသည့် လက်နက်များမှာ MA1 အမျိုးအစား သေနတ် ၁ လက်၊ MA 2 အမျိုးအစား သေနတ် ၃ လက်၊ MA 3 အမျိုးအစား သေနတ် ၅ လက်၊ MA10 အမျိုးအစား သေနတ် ၂ လက်၊ MA11 အမျိုးအစား သေနတ် ၃ လက်၊ MA16 အမျိုးအစား သေနတ် ၁ လက်၊ MG-64 အမျိုးအသစား သေ နတ် ၁ လက်၊ 60 mm အမျိုးအစား လက်နက်ကြီး ၂ လက်၊ 81 mm အမျိုးအစား လက်နက်ကြီး ၁ လက်၊ RPG-7 အမျိုးအစား ၂ လက်၊ G3  ၉ လက်နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ယနေ့ ဇူလိုင်လ ၁ ရက် နံနက် ၄ နာရီ ၁၀ မိနစ်အချိန်တွင် တပ်မဟာ ၂ စစ်ဒေသ နောင်ချို မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စကခ ၁ ၊ မခရ ၁၁၄ ၊ ခမရ ၁၁၅ နှင့် ခမရ ၆၀၆ တပ်စခန်းတို့ကို တအာင်းတပ်မတော် TNLA ၊ DPLA နှင့် MDY-PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တပ်မဟာ ၃ စစ်ဒေသ မိုးမိတ်မြို့နယ် ၊ ညောင်နီကျေးရွာအနီး တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနထံက သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...