TNLA News

TNLA News

ကျောက်မဲနှင့်နောင်ချိုမြို့ကို စစ်တပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲတိုက်မှုကြောင့် One Love Hotel ၊ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းနှင့်နေအိမ် ၃၀ ခန့်ပျက်စီး

 

D Day News

ဇူလိုင်လ ၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နှင့်နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက် ဖိုက်တာ​ဖြင့်ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် One Love Hotel ၊ ကမ္ဘောဇရှမ်းဘုန်းကြီး ကျောင်းနှင့်နေအိမ် ၃၀ ခန့်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဇွန်လ ၃၀ ရက် ညသန်းခေါင်ယံအချိန် ၁၂ နာရီဝန်းကျင်ခန့်က ကျောက်မဲမြို့ ၊ ရပ် ကွက်၁ ရှိ One Love Hotel အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ရာ One Love Hotel ၊ ပင်လုံလမ်းမအနီးရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်နှင့် ပြည် သူပိုင် နေအိမ် အလုံး ၂၀ နီးပါး ပျက်စီးခဲ့ရကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇွန်လ ၃၀ ရက် နံနက်ပိုင်းကလည်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့၊ ရပ်ကွက် ၉ ရှိ ဆီဆိုင်တစ်ဆိုင်တွင် ဗုံးကျရောက် ပေါက်ကွဲပြီး မီးလောင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဇွန်လ ၂၉ ရက် ည ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင် နောင်ချိုမြို့ မီးသတ်ရုံးအနီးတွင် စစ်ကောင် စီတပ်က ဂျက်လေယာဥ်ဖြင့် အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချတိုက် ခိုက်ခဲ့ရာ ပြည်သူပိုင် နေအိမ် ၈ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...