TNLA News

TNLA News

မိုးကုတ်မြို့၊ ရွှေမျက်ဝန်းတပ်စခန်းနှင့်မိုးမိတ်မြို့နယ်၊ကင်းချောင်းတပ်စခန်းတို့ကို သိမ်းပိုက်ရရှိ

 

D Day News

ဇွန်လ ၃၀

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ရွှေမျက်ဝန်းတပ်စခန်းနှင့် မိုးမိတ်မြို့နယ်၊ ကင်းချောင်းတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထံက သိရသည်။

 

ယနေ့ ဇွန်လ ၃၀ ရက် နံနက် ၅ နာရီအချိန်တွင် မိုးကုတ်မြို့ စစ်ကောင်စီ၏ ရွှေမျက်ဝန်းတပ်စခန်းကို တအာင်းတပ်မတော် TNLA မှ စတင်တိုက်ခိုက်ရာ ညနေ ၄ နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထိုအပြင် ရွှေလိပ်ပြာစခန်းတွင်လည်း စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်မှ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်အထိ မိုးကုတ်မြို့နယ် ရွှေသာယာ၌ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၆၀ မမ လက်နက်ကြီးများ ၁၄ လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးကုတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားများကို တအာင်းတပ်မတော် TNLA ၊ PDF (မိုးကုတ်ဗျူဟာ)၊ MOD-PDFတ ပ်ရင်း ၅၁၃ နှင့် မိုးကုတ် ပကဖ ပူးပေါင်းကာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၉ ရက် ည ၇ နာရီ ၅၃ မိနစ်အချိန်တွင် တပ်မဟာ ၃ စစ်ဒေသ မိုးမိတ်မြို နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကင်းချောင်းစခန်းကို တအာင်းတပ်မတော် TNLA ၊ PLA နှင့် MOD-PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

 

တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၆၀၆ တပ်စခန်းကို တအာင်းတပ်မတော် TNLA ၊  DPLA နှင့် MDY-PDF ပူးပေါင်းကာ ယနေ့ ဇွန်လ ၃၀ ရက် ညနေ ၄ နာရီ ၁၄ မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၂၉ ရက် ည ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် အဆိုပါ နောင်ချိုမြို့ စစ်ကောင်စီတပ်ရင်း ခမရ ၆၀၆ တပ်စခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်မှ MI-25 လေယာဉ်ဖြင့် ဗုံး ၂ လုံးလာရောက်ကြဲချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...