TNLA News

TNLA News

နောင်ချိုမြို့နယ်၊ ရှုခင်းသာတပ်စခန်းကို သိမ်းပိုက်ရရှိမှု စစ်သား အလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၂၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရှုခင်းသာရှိ ခလရ ၁၄၆ တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်စစ်သား အလောင်း ၁၀ လောင်းနှင့်လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ဇွန်လ ၂၉ ရက် နံနက် ၇ နာရီခန့်တွင် နောင်ချိုမြို့နယ်၊ ရှုခင်းသာရှိအကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၄၆ တပ်စခန်းကို တအာင်းတပ်မတော် – TNLA မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား အလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းမျိုးစုံကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် နောင်ချိုမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၆၀၆ တပ်စခန်ကို နံနက် ၄ နာရီ မိနစ် ၄၀ အချိန်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

နံနက် ၅ နာရီ မိနစ် ၂၀ အချိန်တွင် တအာင်ပြည် တပ်မဟာ ၂ စစ်ဒေသ မိုးမိတ်မြို့နယ်၊ ရွှေဆာလီ ကျေးရွာတွင်လည်းကောင်း၊ နံနက် ၅ နာရီမှတွင် မိုးမိတ်မြို့နယ် ၊ လွယ်ဝိန်းရှိ စစ်ကောင်စီတပ် စကခ ၂၁ ၊ ခလရ ၂၂၃ တပ်စခန်းကိုလည်းကောင်း၊ နံနက် ၇ နာရီ ၂၅ မိနစ်တွင် မိုးမိတ်မြို့နယ်၊ လယ်ကြီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၂၁ နှင့် ခမရ ၃၄၈ တပ်စခန်းတို့ကိုလည်းကောင်း တအာင်းအမျိုးသားလွတ်မြောက်ရးတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၂၈ ရက် ညနေ ၇ နာရီ ၄၅ မိနစ်အချိန်တွင် တအာင်းပြည် ကျောက်မဲမြို့ အင်ဂျင်တောင်၌ စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးဖြင့်သော်လည်းကောင်း၊​ ည သန်းခေါင်ယံအချိန် ၁၂ နာရီ ၄၅ မိနစ်တွင် ကျောက်မဲမြို့နယ် တော့ဆန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံး ကြဲချခဲ့ရာ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...