TNLA News

TNLA News

၁၀၂၇ စစ်ဆင်ရေးတတိယ မြောက်နေ့ မြို့နယ် ၅ ခုတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး မိုးကုတ် ရဲစခန်းကို သိမ်းပိုက်ရရှိ၊ နောင်ချိုရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲနေ (ရုပ်သံ)

 

D Day News

ဇွန်လ ၂၇

 

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်မန္တလေးတိုင်းတို့ရှိ မြို့နယ် ၅ ခုတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး မိုးကုတ် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ နောင်ချိုရဲစခန်းစခန်းအတွင်းမှ မူးယစ်ဆေးဝါးအများအပြား သိမ်း ဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တတိယရက် TNLA သတင်းနှင့် ပြန်ကြား ရေးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

 

ယနေ့ ဇွန်လ ၂၇ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် မိုးကုတ်မြို့နယ်၊အေးစေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခလရ ၈၈ လက်အောက်ခံ လပခ၊ ခလရ- ၁၄၈ တပ်စခန်းကို တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မိုးကုတ် ရဲစခန်းကိုလည်း တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ယနေ့ ဇွန်လ ၂၇ ရက် နံနက် ၅ နာရီ ၄၀ မိနစ် အချိန်၌ ကျောက်မဲမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် စကခ ၁ ၊ ခမရ ၅၀၁ ၊ ခမရ ၅၀၂ တပ်၊ စည်ပင်၊ ဘုန်းတော်ကြီးကျောင်းနှင့် နောင် ပြစ်စသည့် နေရာများကို တအာင်းတပ် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

 

ယနေ့ ဇွန်လ ၂၇ ရက် နံနက် ၆ နာရီအချိန်တွင် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ – ၁၁၄ တပ် စခန်းကို တအာင်းတပ် TNLA စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီအချိန်တွင် အုမ္မခါးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နောင်ချို ရဲစခန်းကို သိမ်းပိုက်ချိန်တွင် မူယစ်ဆေးဝါး (ယာမဆေးပြား)များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/L8FRnEWKLfo

နံနက် ၁၁ နာရီ ၁၄ မိနစ် အချိန်တွင် တအာင်းတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် နောင်ချို မြို့နယ် ၊ စစ်ကောင်စီတပ်ရင်း ၁၁၄ တပ်စခန်းကို စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့် လည်းကောင်း ၊ ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် ဂျတ်ဖိုက်တာဖြင့် လည်းကောင်း လာရောက်ဗုံးကြဲခဲ့ကြောင်း သိရသည်။

 

တဆက်တည်းမှာပင် တအာင်းတပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ  အကြမ်းဖက် စစ်ကောင်စီတပ်ရင်း ၆၀၆ တပ်စခန်းကို နံနက် ၁၁ နာရီအချိန်တွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်မှ Y-12 လေယာဉ်ဖြင့် ၅ ကြိမ်၊ Jet Fighter ဖြင့် ၁၈ ကြိမ် လာရောက်ဗုံးကြဲခဲ့ကြောင်း သိရ သည်။

 

ထို့အပြင် မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် မိုးမိတ်မြို့နယ်၊ လယ်ကြီးရွာအနီးတဝိုက်၌ တအာင်းတပ်မတော် TNLA မှ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ကျောက်မဲမြို့နယ်တွင် တအာင်းတပ်ထံ လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး နှင့်အတူ ၆၀ မမ ၂ လက်၊ စလတ် ၆ လက်၊ RPG-7 ၂ လက်၊ စနိုက်ဘာ ၁ လက်၊ ပစ္စတို ၅ လက်၊ မိုင်း ၅ လုံး၊ ၆၀ မမ ဗုံးသီး၊ RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ ၅၉ မျိုးနှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...