TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အမှတ် ၆၀၆ ဒရုန်းတပ်ရင်း၊ အုမ္မခါးရွာတပ်စခန်းနှင့် ကျောက်ကြမ်းရွာရှိ တပ်မ ၃၃ စခန်းတို့ကို သိမ်းပိုက်ရရှိ

 

D Day News

ဇွန်လ ၂၇

 

နောင်ချိုမြို့နယ်၊ အမှတ် ၆၀၆ ဒရုန်းတပ်ရင်း၊ အုမ္မခါးရွာတပ်စခန်းနှင့် ကျောက်ကြမ်းရွာရှိ တပ်မ ၃၃ စခန်းတို့ကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနထံက သိရသည်။

 

ယနေ့ ဇွန်လ ၂၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် မိုးကုတ်မြို့နယ်၊ အေးစေတီတွင်တပ်စွဲ ထားသည့် စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ လပခ၊ ခလရ- ၂၄၈ တပ်စခန်းကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် နံနက် ၅ နာရီ ၄၀ မိနစ် အချိန်၌ ကျောက်မဲမြို့ပေါ်ရှိ စစ်ကောင်စီတပ် စကခ – ၁ ၊ ခမရ ၅၀၁ ၊ ခမရ ၅၀၂ တပ်တို့နှင့် တအာင်းတပ် TNLA ၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား စည်ပင် ဘုန်း တော်ကြီးကျောင်းနှင့် နောင်ပြစ်စသည့်နေရာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရ သည်။

 

အလားတူ နံနက် ၆ နာရီ ၆ မိနစ် အချိန်တွင် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ – ၁၁၅ တပ်စခန်း ကို တအာင်းတပ် TNLA စစ် ကြောင်းမှ ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး နံနက် ၁၀ နာရီအချိန်တွင် အုမ္မခါးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား တအာင်းတပ် TNLA မှ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

 

နံနက် ၁၁ နာရီ ၁၄ မိနစ် အချိန်တွင် တအာင်းတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် နောင်ချို မြို့ရှိ စစ်ကောင်စီတပ်ရင်း ၁၁၄ တပ်စခန်းကို စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့် သော်လည်းကောင်း နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် ဂျတ်ဖိုက်တာဖြင့်သော်လည်းကောင်း လာရောက်ဗုံးကြဲခဲ့ ကြောင်း သိရသည်။

 

တစ်ဆက်တည်းမှာပင် တအာင်းတပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီ တပ်ရင်း ၆၀၆ ဒရုန်း တပ်စခန်းကို နံနက် ၁၁ နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်တွင် စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၂၆ ရက် ကျောက်မဲမြို့နယ်တွင် တအာင်းတပ်ထံ လက်နက်ချအလင်းဝင်လာသည့် စစ်ကောင် စီ တပ်ဖွဲ့ဝင် ၁၇ ဦး နှင့်အတူ ၆၀ မမ ၂ လက်၊ စလတ် ၆ လက်၊ RPG-7  ၂ လက်၊ စနိုက်ဘာ ၁ လက်၊ ပစ္စတို ၅ လက်၊ မိုင်း ၅ လုံး၊ ၆ ၀မမ ဗုံးသီးနှင့် RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ ၅၉ မျိုးနှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၂၆ ရက် မွန်းလွဲ ၁ နာရီ အချိန်တွင် နောင်ချိုမြို့ ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ်မ ၃၃ တပ်စခန်းကို တအာင်းတပ် TNLA နှင့် MDY-PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

 

ဇွန်လ ၂၆ ရက်ည ၁၀ နာရီအချိန်တွင် နောင်ချိုမြို့ရှိ တအာင်းတပ်မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သည့် စစ်ကောင်စီ ၁၁၅ တပ်စခန်းကို စစ်ကောင်စီတပ်မှ ဂျတ်ဖိုက်တာဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၂၆ ရက်နေ့တွင် မိုးကုတ်မြို့နယ်အတွင်းရှိ တအာင်းတပ်သိမ်းပိုက်ရရှိထားသည့် စလောင်တောင်နှင့် အုပ်ဆောင်းတောင်တို့ကို စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံး ၃ လုံး လာ ရောက်ကြဲချခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးရှိ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက် တိုက်ပွဲများတွင် စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်းများနှင့်အတူလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို KIA...