မိုင်းလုံမြို့နယ်၊ ကော်ပေါင်ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး သံဃာတော် ၅ ပါးနှင့် ကလေးငယ်အပါ အဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

မိုင်းလုံမြို့နယ်၊ ကော်ပေါင်ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး သံဃာတော် ၅ ပါးနှင့် ကလေးငယ်အပါ အဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်၊ ကော်ပေါင်းကျေးရွာကို ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူပြီး သံဃာ ၅ ပါးနှင့်ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၂၄ ရက် ညနေ ၃ နာရီ ၅၇ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ် မြေ၊ မိုးကုတ်ခရိုင်၊ မိုင်းလုံမြို့နယ်၊ ကော်ပေါင်ကျေးရွာဘုန်းကြီးကျောင်းကို ပစ်မှတ်ထားကာ အ ကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကြ တိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော်ဖြစ်သူ သက်တော် ၇၀ နှစ်အရွယ် ဝါတော် ၅၀ ဝါရှိသည့် အရှင်ကျန္တာပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ထိုအပြင် သက်တော် ၁၈ နှစ်အရွယ် အရှင်အိုက်ကျန်၊ သက်တော် ၁၇ နှစ်အရွယ် အရှင်ကုမ္မရ၊ သက် တော် ၁၄ နှစ် အရှင်ဩရသ၊ သက်တော် ၁၃ နှစ်အရွယ် အရှင်ဝိရိယ၊ သက်တော် ၁၃ နှစ်အရွယ် အရှင်စန္ဒိဘ၊ အသက် ၄ နှစ်အရွယ် မောင်အိုက်တင်နှင့် အသက် ၉၆ နှစ်အရွယ် ဦးကျန်ဒိ တို့ ထိခိုက် ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း ၊ ကျောင်းဆောင် ၁ ဆောင်နှင့် နေအိမ် ၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် မန်တုံမြို့တွင်၂ ကြိမ်၊ ကျောက်မဲမြို့တွင် ၂ ကြိမ်၊ သီပေါမြို့တွင် ၆ ကြိမ်၊ မိုင်းငေါ့မြို့တွင် ၃ ကြိမ်၊ မိုင်းလုံမြို့တွင် ၄ ကြိမ်၊ နမ့်ဆန်မြို့တွင် ၆ ကြိမ်၊ နမ္မတူမြို့တွင် ၆ ကြိမ်၊ မိုးမိတ်မြို့တွင် ၃ ကြိမ်နှင့် မိုးကုတ်မြို့တွင် ၄ ကြိမ် စုစုပေါင်း ၃၆ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁၀ ဦး၊ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၄၇ ဦးသေဆုံးခဲ့ပြီး ကလေး ၂၅ ဦး၊ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၉ ဦး၊ သံဃာတော် ၂ ပါး စုစု ပေါင်း ၆၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် ၁၇၀ အိမ်၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီး ကျောင်း ၆ ကျောင်း၊ ကျောင်းဆောင် ၈ ဆောင်၊ အဆောက်အဦး ၆ ခု၊ ဆိုင်ခန်း ၅ ခန်း၊ လက် ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနှင့် ကား ၁၀ စီးတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့် သော်လည်းကောင်း၊ လက် နက်ကြီးဖြင့် သော်လည်းကောင်း၊ ဒရုန်းဖြင့် သော်လည်းကောင်း၊ လေကြောင်းဖြင့် သော်လည်း ကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန် လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်းတိုင်းအတွင်း၌ ကျားဖြန့်ဂိုဏ်းများကို စစ်ကော်မရှင်၏ ထောက်တိုင်များအဖြစ် သတ်မှတ် ကာ ထိရောက်စွာ ဆန့်ကျင်၊ တိုက်ဖျက်သွားမည်

စစ်ကိုင်းတိုင်းအတွင်း၌ ကျားဖြန့်ဂိုဏ်းများကို စစ်ကော်မရှင်၏ ထောက်တိုင်များအဖြစ် သတ်မှတ် ကာ ထိရောက်စွာ ဆန့်ကျင်၊ တိုက်ဖျက်သွားမည်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၅ စစ်ကိုင်းတိုင်းအတွင်း၌ ကျားဖြန့်ဂိုဏ်းများကို စစ်ကော်မရှင်၏ ထောက်တိုင်များအဖြစ် သတ်မှတ် ကာ ထိရောက်စွာ ဆန့်ကျင်၊ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်း က ထုတ်ပြန်သည်။ ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်း၌ ကျားဖျင့်ခေါ်အွန်လိုင်းငွေကြေးလိမ်လည်မှုဖြစ်စဉ်များ ပိုမို များ ပြားလာနေပြီး အကြမ်းဖက်စစ်ကော်မရှင်အနေဖြင့် နိုင်ငံတကာသို့ အသံကောင်းဟစ်ကာ...