နမ္မတူမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကြဲချတိုက်ခိုက်၊ အောက် တိုဘာလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၀ ဦးအပါအဝင် ပြည်သူ ၄၇ ဦးသေဆုံး

နမ္မတူမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကြဲချတိုက်ခိုက်၊ အောက် တိုဘာလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၀ ဦးအပါအဝင် ပြည်သူ ၄၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက် ညပိုင်းက တအာင်းပြည်၊ တပ်မဟာ ၈ နယ်မြေ၊ နမ္မတူမြို့ကို အကြမ်းဖက်စစ်တပ်က ၈ နာရီ ၄၉ မိနစ်တွင် တစ်ကြိမ်၊ ၈ နာရီ ၅၀ မိနစ်တွင် တစ်ကြိမ်၊ ၈ နာရီ ၅၃ မိနစ်တွင် တစ်ကြိမ်နှင့် ၈ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၄ ကြိမ် ဗုံးသီး ၄ လုံးကြဲချတိုက် ခိုက်ခဲ့ ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် မန်တုံမြို့တွင် ၂ ကြိမ်၊ ကျောက်မဲမြို့တွင် ၁ ကြိမ်၊ သီပေါမြို့တွင် ၆ ကြိမ်၊ မိုင်းငေါ့မြို့တွင် ၃ ကြိမ်၊ မိုင်းလုံမြို့တွင် ၄ ကြိမ်၊ နမ့်ဆန်မြို့တွင် ၆ ကြိမ်၊ နမ္မတူမြို့တွင် ၆ ကြိမ်၊ မိုးမိတ်မြို့တွင် ၃ ကြိမ်နှင့် မိုးကုတ်မြို့တွင် ၄ ကြိမ် စုစုပေါင်း ၃၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁၀ ဦး၊ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၄၇ ဦးသေဆုံးခဲ့ပြီး ကလေး ၂၄ ဦး၊ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၈ ဦး၊ သံဃာတော် ၂ ပါး စုစု ပေါင်း ၆၃ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် ၁၆၆ အိမ်၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီး ကျောင်း ၆ ကျောင်း၊‌ ကျောင်းဆောင် ၈ ဆောင်၊‌ အ‌ဆောက်အဦး ၆ ခု၊ ဆိုင်ခန်း ၅ ခန်း၊ လက် ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနှင့် ကား ၁၀ စီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက် နက် ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့် သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း ကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန် လျက်ရှိ ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု CDF ကန်ပက်လက်ရဲမေတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု CDF ကန်ပက်လက်ရဲမေတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ကျင်းပနေသော မင်္ဂလာဆောင်ပွဲတစ်ခုကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ CDF ကန်ပက်လက် ရဲမေတစ်ဦး အပါ အဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယနေ့...