နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံး

နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၈ ရက် ည ၈ နာရီ ၂၅ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၉ နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲ ချ တိုက်ခိုက်ခဲ့ရာ အသက် (၁၀) နှစ်အရွယ် လွေးနီလာအောင်၊ အသက် (၂၁)နှစ်အရွယ် လွေးရီရီလှိုင်၊ အသက် (၂၁)နှစ်ရွယ် လွေးဆန်းဆန်းဦး၊ အသက် (၃၅)နှစ်အရွယ် ဒေါ်အေးသောင်း၊ အသက် (၄၂)နှစ်အရွယ် ဦးသန်းကျော်နှင့် အသက် (၄၇)နှစ်အရွယ် ဒေါ်အေးဟိန်းတို ပွဲချင်းပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။

ထိုအပြင် အသက် (၄)နှစ်အရွယ် မိုင်းကျော်ဇေယျဦး၊ အသက် (၃၃)နှစ်အရွယ် ဒေါ်အီအေးနှင့် အ သက် (၆၈)နှစ်အရွယ် ဦးကျော်နှင့် အသက် (၇၇)နှစ်အရွယ် ဒေါ်စောရင်တို့ ဗုံးစထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၂၅)အိမ်၊ ဆိုင်ကယ် (၄)စီးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကောင်စီတပ်သည် ကျောက်မဲမြိုနယ်၊ (၁၁)မိုင်ကျေးရွာတွင် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် (၂)ပါးထိခိုက်ဒဏ်ရရှိကာ ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် ကျောင်းဆောင်(၁)ဆောင်လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ယခုလ အောက်တိုဘာ (၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် မန်တုံ မြို့တွင် (၁)ကြိမ်၊ ကျောက်မဲမြို့တွင် (၃)ကြိမ်၊ သီပေါမြို့တွင် (၅)ကြိမ်၊ မိုင်းငေါ့မြို့တွင် (၁)ကြိမ်၊ မိုင်းလုံမြို့တွင် (၄)ကြိမ်၊ နမ့်ဆန်မြို့တွင် (၄)ကြိမ်၊ နမ္မတူမြို့တွင် (၅)ကြိမ်၊ မိုးမိတ်မြို့တွင် (၃)ကြိမ် နှင့် မိုးကုတ်မြို့တွင် (၁)ကြိမ်တို စုစုပေါင်း (၂၇)ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၇)ဦး၊ အမျိုးသား (၁၁)ဦး၊ အမျိုးသမီး (၁၄)ဦးသေဆုံးခဲ့ပြီး ကလေး (၁၁)ဦး၊ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး (၁၅)ဦးတို ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၁၃) အိမ်၊ စာသင်ကျောင်း (၃)ကျောင်း၊ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ကျောင်းဆောင် (၆)ဆောင်နှင့်အ ဆောက်အဦး (၄) ခုတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက် နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်နှင့် မိုင်းငေါ့မြိုနယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ ဇရပ်၊ လက်ဖက်စက်ရုံတစ်ရုံ၊ မီး သတ်ကား ၅ စီး၊ အိမ်စီးကား ၄ စီးနှင့် လူနေအိမ် ၁၀ လုံး ပျက်စီး

နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်နှင့် မိုင်းငေါ့မြိုနယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ ဇရပ်၊ လက်ဖက်စက်ရုံတစ်ရုံ၊ မီး သတ်ကား ၅ စီး၊ အိမ်စီးကား ၄ စီးနှင့် လူနေအိမ် ၁၀ လုံး ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်နှင့် မိုင်းငေါ့မြိုနယ်တွင် စစ်တပ်က လေ ကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိပြီး ဘုန်းကြီး ကျောင်း၊ ဇရပ်၊ လက်ဖက်စက်ရုံတစ်ရုံ၊ မီးသတ်ကား ၅ စီး၊ အိမ်စီးကား ၄...