သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၅ နှစ်အရွယ်အမျိုးသမီး ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ထိ ခိုက် ဒဏ်ရာရရှိကာ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။
ယနေ့ အောက်တိုဘာလ ၁၇ ရက် နံနက် ၈ နာရီ ၁၀ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၉ နယ်မြေ၊ ဟိုမိန်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ အသက် (၁၅) နှစ်အရွယ် လိုည်းစန္ဒာဝင်း၊ အသက် (၁၅) နှစ်ရွယ် လိုည်းစပယ်ညွန့်နှင့် အသက် (၅၅) နှစ်အရွယ် ဦးကွန်နွယ်တို့ ပွဲချင်းပြီးသေဆုံးကြောင်း သိရသည်။
ထိုအပြင် အသက် ၂၀ နှစ်အရွယ်ရှိ လိုည်းနီလာကျော်နှင့် အသက် ၄၀ နှစ်အရွယ် ဒေါ်အေဆွေတို့ ဗုံး စထိမှန်ဒဏ်ရာရရှိကာ နေအိမ် ၅ အိမ်လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ နမ္မတူမြိုလည်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ပေါင် (၂၅၀) ဗုံး (၂)လုံးကြဲချတိုက် ခိုက်ခဲ့ရာ ကြောင့် အမျိုးသမီး (၄) ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ဆောင် (၂)ဆောင်နှင့် ပြည်သူနေ အိမ်တို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယခုလ အောက်တိုဘာ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် မန်တုံ မြို့တွင် (၁) ကြိမ်၊ ကျောက်မဲမြို့တွင် (၃) ကြိမ်၊ သီပေါမြို့တွင် (၅) ကြိမ်၊ မိုင်းငေါ့မြို့တွင် (၁) ကြိမ်၊ မိုင်းလုံမြို့တွင် (၄) ကြိမ်၊ နမ့်ဆန်မြို့တွင် (၃) ကြိမ်၊ နမ္မတူမြို့တွင် (၄) ကြိမ်၊ မိုးမိတ်မြို့တွင် (၃) ကြိမ် နှင့် မိုးကုတ်မြို့တွင် (၁) ကြိမ်တို စုစုပေါင်း (၂၅) ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၇) ဦး၊ အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၁၂) ဦးသေဆုံးခဲ့ ပြီး ကလေး (၁၁) ဦး၊ အမျိုးသား (၁၄) ဦး၊ အမျိုးသမီး (၁၁) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၁၀၈) အိမ်၊ စာသင်ကျောင်း (၃) ကျောင်း၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ ကျောင်းဆောင် (၄) ဆောင်နှင့် အဆောက်အဦး (၄) ခု ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းအသိပေးထားသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက် နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန် လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media