သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးနှင့် ကားတစ်စီးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ အောက်တိုဘာလ ၁၆ ရက် ည ၆ နာရီ ၂၀ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၈ နယ်မြေ၊ မိုးမိတ်မြို့၊ တောင်းပိုင်းရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက် ဖိုက် တာဖြင့် ပေါင် ၅၀၀ ဗုံး တစ်လုံး၊ ပေါင် ၂၅၀ ဗုံး တစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၅၀ အ ရွယ် ဒေါ်အုံးရွှေ ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ် ၂ လုံးနှင့် ကား ၁ စီးပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့ကလည်း မိုးမိတ်မြို့နယ်၊ အောင်မြေရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးနှင့် (ရော့ကဒ်) လက်နက်ကြီး ၆ လုံး တို့ဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင် စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန် လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media