သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၆
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်းအထက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မွေးမြူရေး ကြက်ခြံတစ်ခြံပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့အောက်တိုဘာလ ၁၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၄ နယ်မြေ၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း (ထက်) ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုပိုင် ကြက်မွေးမြူးရေးခြံပေါ်တွင် ဗုံးကျပေါက် ကွဲပြီး ကြက်ခြံထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့လည်း နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာကို စစ် ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး ကလေးငယ်အပါ အဝင် ပြည်သူ ၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နွား ၂ ကောင် သေဆုံး ပြီး ဆိုင်ကယ် ၆ စီး၊ ကလေးမူကြိုကျောင်းအပါအဝင် နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက် နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် တိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media