သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ ပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က မိုးမိတ်မြို့နယ်၊ အောင်မြေရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးနှင့် ရော့ကဒ် လက်နက်ကြီး ၆ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ အောက်တိုဘာလ ၉ ရက် ညနေ ၇ နာရီခန့်က မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေး ရွာတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ ရာ ကလေး၂ ဦးအပါအ၀င် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင် စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း ကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူး လွန်နေလျက်ရှိ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media