သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၉ နယ်မြေ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေး ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၂ ဦး သေဆုံး ပြီး ကလေး ၆ ဦးအပါအဝင် ပြည်သူ ၉ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ ၄ ရက် မွန်းတည့် ၁၂ နာရီ ၂၈ မိနစ်က နမ့်ဆန်မြို့နယ်၊ဇယ်တုန်ဟုန်းကျေး ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် မောင်ဇေယျာအောင် နှင့် အသက် ၁၃ နှစ်အရွယ် မောင်ထွန်းမျိုးအောင် တို့ ဗုံးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် အသက် ၁၀ နှစ်အရွယ် မမြတ်ဝန်းချယ်၊ အသက် ၁၂ နှစ်အရွယ် မခင်ယုမေ၊ အသက် ၉ နှစ် အရွယ် မသန္တာစိုး၊ အသက် ၁၂ နှစ်အရွယ် မခင်လှပြည့်နှင်း၊ အသက် ၁၃ နှစ်အရွယ် မထွေးရီ၊ အ သက် ၁၄ နှစ်အရွယ် မောင်ခန့်သူရိုန်မင်း၊ အသက် ၄၀ နှစ်အရွယ် ဦးတောင်တန်း၊ အသက် ၆၀ နှစ် အရွယ် ဦးဖိုးရှမ်း နှင့် အသက် ၆၀ နှစ်အရွယ် ဦးပန်ကျန်းတို ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၆ အိမ် လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ အောက်တိုဘာလ ၄ ရက် နံနက် ၇ နာရီ ၄၉ မိနစ်က သီပေါမြို့နယ် မန်ဟဲကျေးရွာ ရှိ စစ်ကောင်စီတပ်ရဲစခန်းဟောင်းဝန်းအတွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် သီပေါမြို့နယ်၊ အုံမုကျေးရွာကိုတွင် လည်း ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂ ရက်နေ့ကလည်း သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာရှိ ကုမုဒြာဟိုတယ်ကို အကြမ်း ဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အဆောက်အဦး ၁ ခု ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုအပြင် အောက်တိုဘာလ ၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နမ္မတူမြို့တွင်းကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၈ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက် နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ် မဲ့ ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိကြောင်း ဆက်လက်၍ အသိပေးထား သည်။
Thanlwin Myanmar Media